Monday, October 3, 2011

Mouse ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ အလုပ်လုပ်ပုံ

Mouse ဆိုတဲ့ အရာလေးကတော့ Computer လောကမှာ မပါမဖြစ်အရေးပါတဲ့ ပစ္စည်း (Device) လေး
တစ်ခုပါ။ Mouse ကို တစ်နည်းအားဖြင့် Pointing Device လို့လည်းခေါ်ပါသေးတယ်။

 
ကိုယ်အလိုရှိရာကို Pointing Device ဖြစ်တဲ့ Mouse လေးအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒီတော
့  Icons တွေကို Select မှတ်ချင်တဲ့ အခါမှာ ၊ Screen ပေါ်မှာမြင်တွေ့နေရတဲ့ Objects တွေကို ညွှန်ပြဖို
့ (Pointing) နဲ့ ရွေ့လျားစေဖို့ (Moving)  စတဲ့အရာတွေ လုပ်ဆောင်စေချင်တဲ့အခါမှာ Mouse ကိုအသုံး
ပြုဖို့လိုအပ်လာပါတယ်။ Mouse လို့အမည်ပေးထားတာကလည်း ကြွက်လေးတစ်ကောင်နဲ့ တူနေလို့ပါ။
မယုံရင် Mouse လေးကိုကြည့်ကြည့်ပါဦး။ အနောက်မှာ ထွက်နေတဲ့ Wire ကြိုးလေးကတော့ ကြွက်က
လေးရဲ့ အမြီးလေးပါ။ တူတယ်မဟုတ်လား။

တကယ်တော့ Mouse လေးက Display Screen ပေါ်မှာ မြင်တွေ့နေရတဲ့ Cursor (သို့) Pointer လေးကိုထိန်းချုပ်ထားပေးတာပါ။ Mouse လေးကို ရွေ့လျားလိုက်ခြင်းဖြင့် Display Screen ပေါ်မှာမြင်တွေ့
နေရတဲ့ Pointer လေးလှုပ်ရှားမှု ပြုနိုင်ပါတယ်။ Mouse လေးကို အသုံးပြုတဲ့အခါ သူ့ရဲ့အောက်မှာ
အောက်ခံအနေနဲ့ထားရှိဖို့ Mouse Pad လေးကို အသုံးပြုသင့်ပါတယ်။

Mouse တစ်ခုမှာ အနည်းဆုံး Button တစ်ခု ပါဝင်ပြီး ယခုအခါမှာတော့ Button သုံးခုအထိ ပါဝင်လာပြီ ဖြစ်
ပါတယ်။ တစ်ချို့ Mouse တွေမှာ ဆိုရင် Button အပြင် Scroll Wheel လို့ခေါ်တဲ့ ဘီးလေးတွေ ပါဝင်လာ
တတ်ပါတယ်။ ဒီတော့ ပထမဆုံး Two Button Mouse လို့ခေါ်ပြီး Button နှစ်ခုပါတဲ့ Mouse လေးကို အရင်ဆုံးကြည့်ကြည့်ရအောင်။

အားလုံးသိကြတဲ့အတိုင်း Two Button Mouse မှာ တစ်ခုက Left Click အတွက်ဖြစ်ပြီး နောက်တစ်ခုက
တော့ Right Click အတွက်ဖြစ်ပါတယ်။ ကဲ... အခု Two Button and one wheel လို့ခေါ်ပြီး Button
နှစ်ခုနဲ့ Scroll Wheel တစ်ခုပါဝင်တဲ့ Mouse လေးကို ကြည့်ကြရအောင်။

ပုံလေးမှာတွေ့ရတဲ့အတိုင်း သူ့မှာ Button နှစ်ခုပါတဲ့အတွက် Left နဲ့ Right Click အတွက်ဖြစ်ပြီး Wheel
ဆိုတာကတော့ ရှည်လျားတဲ့ စာတွေကို အပေါ်မှ အောက်သို့ ရွေ့လျားပြီး ဖတ်ရှုချင်တဲ့နေရာမှာ သုံးလို့ရပါတယ်။
အခု Button သုံးခုပါဝင်တဲ့ Three Button Mouse အကြောင်းကို ပုံလေးနဲ့ လေ့လာကြရအောင်။
 

Button နှစ်ခုကတော့ ထုံးစံအတိုင်း Left နဲ့ Right (Context Menu) Click တွေအတွက်ဖြစ်ပြီး အလယ်မှာ
ပိုနေတဲ့ တစ်ခုကတော့ ပုံမှာမြင်တွေ့တဲ့အတိုင်း Double Click နှိပ်ဖို့လိုအပ်တဲ့အခါတွေမှာ Left Click
မနှိပ်တော့ဘဲ အလယ်က Button လေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ Double Click နှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
ကဲ... အခု ဆက်လက်ပြီးတော့ Mouse အမျိုးအစားတွေကို လေ့လာကြည့်ရအောင်။ အဓိကအားဖြင့်
Mouse အမျိုးအစား သုံးမျိုးရှိပြီး အဲဒါတွေကတော့ Serial mouse , Universal Serial Bus Mouse နဲ့
Optical Mouse တို့ဖြစ်ကြပါတယ်။ ပထမဆုံး Serial Mouse ဆိုတာက RS-232C Serial port (သို့)
PS/2 port နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အမျိုးအစားပါ။
 
 
ဒုတိယ အမျိုးအစားဖြစ်တဲ့ Universal Serial Bus Mouse ကတော့ USB port နဲ့ ချိတ်ဆက်ထားတာပါ။
အခုနောက်ပိုင်းမှာ USB Connector တွေကို အသုံးပြုတာများလာပြီဖြစ်တဲ့အတွက် USB port နဲ့ ချိတ်
ဆက်ဖို့လိုအပ်တဲ့ Mouse ကို အသုံးပြုလာကြပါပြီ။

နောက်ဆုံးတစ်မျိုးကတော့ Optical Mouse ဖြစ်ပါတယ်။ သူ့မှာတော့ Infrared Light ဆိုတဲ့ အလင်းလေးတွေ
ပါနေတတ်ပါတယ်။ မြင်ဖူးကြမယ်ထင်ပါတယ်။ Mouse လေးလင်းနေတာဟာ Optical Mouse မှာ အလင်းပြန်အောင်လုပ်ဆောင်ထားလို့ပါ။ ပုံလေးကိုကြည့်လိုက်ကြရအောင်။

အခု စောစောကပြောခဲ့တဲ့ Mouse တွေနဲ့ သက်ဆိုင်တဲ့ Port လေးတွေကို လေ့လာကြည့်ရအောင်။ ဒီတော့
Serial Port, PS/2 Port, USB Port တို့ရဲ့ ပုံလေးတွေကို ကြည့်လိုက်ပါဦး။
 

ပုံမှာ ပါဝင်တဲ့ နံပါတ်လေးတွေ အကြောင်းအနည်းငယ်ပြောပြပေးချင်ပါတယ်။
(၁) PS/2 Keyboard port ( ခရမ်းရောင် ) ၊ PS/2 Mouse port ( အစိမ်းရောင် )
ဒီ Ports တွေကတော့ အဓိကအားဖြင့် Keyboard နဲ့ Mouse  အတွက်ပါ။
(၂) USB 2.0 ports
ဒီ Ports တွေကတော့ USB port ကို အသုံးပြုတဲ့ ပစ္စည်း (Devices) တွေအတွက်ပါ။ တကယ်လို့ မိမိအသုံး
ပြုနေတဲ့ Mouse က USB mouse အမျိုးအစား
ဆိုရင်တော့ ဒီ port ကို အသုံးပြုရမှာပါ။
(၃) Serial (COM1) port
9-pin ရှိတဲ့ Serial port ကတော့ တစ်ခါတစ်ရံ Serial port ကို အသုံးပြုထားတဲ့ Mouse အတွက်ဖြစ်ပြီးတော
့ အထူးသဖြင့် Serial devices တွေအတွက်ပါ။
(၄) Video Graphics Adapter (VGA) port
ဒီ port ကတော့ VGA Monitor အတွက်ပါ။ တစ်ခါတစ်ရံ အခြား VGA နဲ့ အဆင်ပြေမှုရှိတဲ့ ပစ္စည်း
( VGA-compatible devices )  တွေအတွက်ပါ။
(၅) LAN 1 (RJ-45) port
(၆) LAN 2 (RJ-45) port
ဒီ ports နှစ်ခုကတော့ Local Area Network နဲ့ သက်ဆိုင်တဲ့ ports တွေပါ။ ဒီတော့ Internet ကို
အသုံးပြုချင်တယ်ဆိုရင်၊ Network ချိတ်ဆက်ချင်တယ်ဆိုရင် ဒီ Ports တွေကို အသုံးပြုလို့ရပါတယ်။

ဗဟုသုတ အနေနဲ့ ပြောပြတာပါ။ အခုဆိုရင် Mouse ကို အသုံးပြုလို့ရတဲ့ Ports တွေ အကြောင်းအတော်
လေးသိရှိလာပြီပေါ့နော်။ အခု ဆက်လက်ပြီး Mouse ရဲ့ အတွင်းပိုင်းမှာ ရှိတဲ့အရာလေးတွေကို ဖေါ်ပြပေး
ချင်ပါတယ်။  Mouse ရဲ့ အတွင်းပိုင်းမှာ Ball လို့ခေါ်တဲ့ အရာလေးတစ်ခု ပါဝင်နေပြီး Mouse လေးကို
ရွေ့လျားလိုက်တဲ့အခါ အဲဒီ Ball လေးက Mouse ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ Screen
ပေါ်မှာ မြင်တွေ့ နေရတဲ့ Mouse Cursor လေးရွေ့လျားနိုင်အောင်လည်း ဒီ Mouse Ball လေးက
အဓိကလုပ်ဆောင်ပေးပါတယ်။ Mouse တစ်ခုမှာ ဒီ Ball လေးသာ မပါဝင်ခဲ့ဘူးဆိုရင် Cursor လေး ရွေ့လျားနိုင်မှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အရေးပါတဲ့ အရာလေးပါ။ ဒီ Ball လေးက Choppers နဲ့
Gears နှစ်ခုကို အသုံးပြုပြီး Computer အတွင်း ရွေ့လျားမှုပြုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။
ပုံလေးကို ကြည့်လိုက်ပါဦးနော်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း Mouse ရဲ့ အလယ်ဗဟိုမှာ Ball လေးပါဝင်နေတာကို တွေ့ရမှာပါ။
အခုလောက်ဆိုရင် Mouse နဲ့ ပတ်သက်တာကို သိသင့်သလောက်တော့ သိရပါပြီနော်။
ဒါကြောင့် Mouse သင်ခန်းစာလေးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတော့မယ်။

0 comments: