Hardware ကို စတင်လေ့လာချင်သူများ/ စတင်လေ့လာနေသူများအတွက်သာ ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။
ကျွန်တော် ပထမဆုံး သမိုင်းကြောင်းလေးတစ်ခုပြောပြချင်ပါတယ်။ ညီအကို မောင်နှစ်မတွေ ကျွန်တော်လို နှစ်တွေ အများကြီး မကုန်စေချင်လို့ပါ။
ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော် သူငယ်ချင်း လေးငါးခြောက်ယောက်ကို computer သင်ပေးခဲ့ပါတယ်။ လူအရေအတွက်ကို အတိအကျ မပြောနိုင်တာကတော့ သုံးယောက်လောက်က တစ်ခါတစ်လေ ရောက်မလာတက်ပါဘူး။ ကျွန်တော်တို့ ရက် ၃၀ ကျော်ကျော်လောက် လုပ်ဖြစ်ခဲ့ပါတယ်။ ကြားထဲ ကျွန်တော် တခြားမြို့  ရောက်သွားသေးလို့ ၁၀ ရက်လောက် ပျက်သွားသေးတယ်။ အဲဒီရက်ပါထည့်တွက်ရင် ရက် ၄၀ ကျော်လောက်ရှိပါတယ်။ နောက် ကျောင်းတွေပြန်ဖွင့်တော့ ကျွန်တော်တို့ မအားကြတော့ဘူး။ နောက်ဆုံးနေ့ပြီးတော့ ကျွန်တော့် သူငယ်ချင်းက သူအစတုန်းက computer ကို ဘာမှန်းတောင် မသိဘူး။ ထိလည်း မထိတွေ့ဖူးဘူး။ ကျွန်တော်သင်ပေးမယ်ဆိုလို့ computer ၀ယ်လိုက်တာတဲ့။ လွန်ခဲ့တဲ့ တစ်လကျော်နဲ့ ယှဉ်ကြည့်ရင် တခြားစီဘဲတဲ့ ။ အခုဆိုရင် ကိုယ့် computer တော်ရုံပျက်တာကတော့ ပြင်နိုင်တယ်တဲ့။ သူများပျက်ရင်တောင် ဟိုဟာဖြစ်မယ် ဒီလိုလုပ်ရမယ် ၀င်ပြောနိုင်တယ်တဲ့။ အခြေခံ software တော်တော်များများကို သုံးနိုင်တယ်တဲ့။ သူပြောင်းလဲသွားတဲ့ အရည်အချင်းတွေကို ဖော်ပြပါလေရော။
ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလို ပြတ်ပြတ်သားသားယှဉ်ကြည့်ဖို့ ငါးနှစ်ကျော်၊ ခြောက်နှစ် သုံးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့
— ဆန္ဒနဲ့ ဘ၀ ထပ်တူမကျခဲ့လို့ (သူငယ်ချင်းတစ်ယောက် သုံးနေကြစကားကို ယူသုံးထားတာပါ။သူကလည်း ဘယ်သူဆီက ယူသုံးတာလည်း မသိဘူး)
—အခြေအနေမပေးလို့
—တစိုက်မတ်မတ်လေ့လာခြင်းမဟုတ်လို့။
ကွန်ပျူတာ စသင်စက ဦးဖိုးနိုင်ဝင်းရေးတဲ့ ကွန်ပျူတာတွေ ဘယ်လို အလုပ်လုပ်သလဲဆိုတဲ့ စာအုပ်ဖတ်ဖူးပါတယ်။ နားမလည်တာနဲ့ ၁၀ရွက်မပြည့်ခဲ့ပါဘူး။(နားမလည်ခဲ့တာ ကျွန်တော်ရဲ့  အသိနည်းမှုနဲ့ ၀ီရိယ နည်းမှုကြောင့်ပါ။စာအုပ်မကောင်းလို့ မဟုတ်ပါဘူး။)
နောက် ဆရာ ဦးတင့်ဇော်အေး (တော်ဝင် computer) ၊ ဆရာ ဦးအေးကိုကို (FEB computer) တို့ရဲ့  ကျေးဇူးတွေကြောင့် စာတွေ့လက်တွေ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ မြန်မာလို A+စာအုပ်တွေလှိုင်လှိုင်ကြီး ထွက်လာခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ မသိသေးတာတွေပါလို့ ဗဟုသုတ တိုးခဲ့ပါတယ်။ နားမလည်လည်း ပြီးအောင်ဖတ်တယ်။ နောက်တစ်ကြိမ်ဖတ်တော့ နားလည်သွားရော။ အခု ဟို ကပျက်လို့ ပြင်ခိုင်း၊ ဒီလူ လာမေးနဲ့ သင်ခဲ့တာတွေ မမေ့တော့ဘူးပေါ့။ ဒါပေမဲ့ စာကတစ်ဖက်ရှိတော့ ဆက်တော့ မလေ့လာဖြစ်တော့ဘူး။ ဒါက ၀ါသနာလေ။ ရှေ့တန်းတင်လို့ မရဘူး။
ဘာဘဲဖြစ်ဖြစ် လေ့လာတယ်။ အသုံးချတယ်။ ဖြန့်ဖြူးတယ်။ ဒါဆိုကျွန်တော်ရဲ့  ပညာသင်ရခြင်းရည်ရွယ်ချက် အောင်မြင်တယ်ပေါ့။
ကဲ မိသားစု ညီအကို မောင်နှစ်မတွေထဲက ၀ါသနာပါတယ်။ မစရသေးဘူး။ အခွင့်အရေးလည်းရှိနေတယ်ဆိုရင် ဒိုင်ယာရီထဲမှာ ဒီနေ့ date ကိုမှတ်ထားလိုက်ပါ။ စလေ့လာလိုက်ပါ။
ကျွန်တော်က တစိုက်မက်မက်မဟုတ်တဲ့ ငါးနှစ်ကျော် ခြောက်နှစ်နီးပါး၊ ကျွန်တော် သူငယ်ချင်းက တစ်လကျော်၊ ကိုယ့်အလှည့်ကျ ဘယ်လောက်လဲ?
နားမလည်လည်း ဆက်လုပ်ပါ။ ချက်ချင်းနားမလည်ပေမဲ့ တစ်ချိန်ကျ နားလည်လာလိမ့်မယ်။ ဒီစာအုပ်ဆုံးတဲ့ အခါလည်းဖြစ်နိုင်သလို၊ နောက် တစ်ကြိမ်ဖတ်တဲ့ အခါလည်း ဖြစ်နိုင်တယ်။ နောက်တစ်အုပ်ဖတ်တဲ့ အခါလည်းဖြစ်နိုင်တယ်။ ဒါဘယ်ပညာကိုဘဲ သင်သင်ပါ။
Hardware and System Administration Interactive Learning CD
Youth Computer Co., Ltd.
79.41MB
http://ifile.it/54ohydc
(သို့မဟုတ်)
http://www.myanmarfamily.org/forum/d...o=file&id=1394
စကားဝှက် - WWW.Myanmarfamily.Org
(သို့မဟုတ်)
http://www.mediafire.com/
Hello.exe file ကို double-click ပေးလိုက်တာနဲ့ လေ့လာလို့ရပါပြီ။ တစ်ချို့  သင်ခန်းစာတွေမှာ အသံနှင့် သင်ကြားပေးပါတယ်။ တစ်ချို့ ကိုတော့ ကိုယ်တိုင်လိုက်ဖတ်ရပါတယ်။ အကြံပြုချင်တာကတော့ ဒီအခွေကို ၅ ခေါက်ထက်မနည်း နားထောင်။ဖတ်သင့်တယ်။ နားရည်ဝနေအောင်လို့ပါ။
ကျွန်တော် မြန်မာလို CD နဲ့ စာအုပ်တွေကို ဖြည်းဖြည်းချင်းဆက်တင်ပေးသွားပါမယ်။ရှိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ။
0 comments:
Post a Comment