မြန်မာတို့ ကဇင်းမယ်ဟုခေါ်သော ချင်းမိုင်မြို့ သည်၊ ထိုင်းနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ တော်ဖြစ်ပါသည်။
ချင်းမိုင်တွင် ဝပ်ဆိုင်းမွန်းကျောင်းသည်၊ တစ်ကျောင်းတည်းေ သာမြန်မာဘုန်းတော်ကြီးကျောင်းဖြစ်ပါ
သည်။ ချင်းမိုင်မြို့ ရိုးပေါ်၌ရှိသောဝပ်ဆိုင်းမွ န်းမြန်မာဘုန်းတော်ကြီးကျောင်းသည် ၊မြေအကျယ်အဝန်း
( ၇.၁ ) ဧကရှိပြီး ဂရန်အမှတ် ( ၂၈၉၈၇ ) ဖြင့် ထော်ရနီဆုန် သာသနာ့မြေအဖြစ်သတ်မှတ်ထားပါသည်။
ချင်းမိုင်သည် ရှေးအခါက နှစ်ပေါင်း-၂၆၂ နှစ်တိုင်မြန်မာတို့ ၏လက်အောက်ခံမြို့ ဖြစ်ခဲ့ပါသည်။ထိုအခါက
မြန်မာ့စစ်တပ် မှ မယ်ထပ်ယိုင်အကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဒဗ္ဗကျန်စံရာမ်ကျာဖန်နှင့်စစ်သည်တော်များကစု
ပေါင်း၍ ဝပ်ဆိုင်းမွန်းကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ ထိုင်းသာသနာသက္ကရာဇ်၂၁၀၁ခု
နှစ်တွင်ဖြစ်ပါသည်။
မြန်မာ့စစ်သည်တော်များတည်ဆောက်လှူဒါန်းခဲ့သောဝပ်ဆိုင်းမွန်းမြန်မာကျောင်းကို၊ဗိုလ်ချုပ်ကြီး
ဒဗ္ဗကျန်စံရာမ်ကျာဖန်လက်ထက်မှစ၍မြန်မာဘုန်းတော်ကြီးများနှင့်မြန်မာဒါယိကာ၊ဒါယိကာမများအစဉ်အ
ဆက်စောင့်ရှောက်လာခဲ့ကြပါသည်။
မြန်မာဘုန်းတော်ကြီးများ၏အစဉ်အဆက်မှာ
၁။ ဦးဝရဓမ္မ - ၂၁၀၁ ခုနှစ် မှ -၂၁၃၆ ခုနှစ်ထိ
၂။ ဦးဂန္ဓမာလ -၂၁၃၆ ။ -၂၁၇၁ ။
၃။ ဦးဖိုးခဓမ္မ - ၂၁၇၁ ။ - ၂၂၃၇ ။
၎။ ဦးဇိန - ၂၂၃၇ ။ - ၂၂၇၂ ။
၅။ ဦးဝဇီရိန္ဓ - ၂၂၇၁ ။ - ၂၃၀၀ ။
၆။ ဦးတေဇသီရိ - ၂၃၀၀ ။ - ၂၃၄၇ ။
၇။ ဦးအာစိန္ဒ - ၂၃၄၇ ။ - ၂၃၉၅ ။
၈။ ဦးပညာသာရ - ၂၃၉၅ ။ - ၂၄၄၄ ။
၉။ ဦးသာရဓ - ၂၄၄၄ ။ - ၂၄၈၉ ။
၁၀။ ဦးအာသဘ - ၂၄၈၉ ။ - ၂၅၅၅ ။
နှစ်ပေါင်း(၄၅၄)နှစ်ရှည်ကြာစွာချင်းမိုင်မြို့ တွင်မြန်မာဗုဒ္ဓဘာသာသာသနာတည်တံ့ရေးအတွက်
ဆရာတော်ကြီးများကဇွဲလုံးလဝိရိယကြီးစွာနှင့်စောင့်ရှောက်လာခဲ့ပါသည်။ ယခုနှောက်ဆုံး
ဆရာတော်ဦးအာသဖသည် ( ၂၉-၈-၂၀၁၁ ) ရက်နေ့ တွင် သက်တော် ( ၉၀ ) ဝါတော် ( ၆၅ )
ဝါတွင်ဘဝနတ်ထံပျံလွန်တော်မှုခဲ့ပါသည်။ ဝပ်ဆိုင်းမွန်းကျောင်းသည် စေတီကျောင်းဇရပ်တို့ ဖြင်၊့ ဂုဏ်ယူဖွယ်ရာ
မြန်မာ့ကျောင်းတော်ကြီးဖြစ်သည့်အပြင်ေ၇ှးမြန်မာကြီးများက ဥာဏ်အမျော်အမြင်ကြီးစွာဖြင့် ကျောင်းခြံစည်းရိုး
တစ်လျှောက်တွင် ဈေးဆိုင်ခန်းများ၊အိမ်ခန်းများ ဆောက်လုပ်ပြီးငှါးရမ်းထားပါသည်။ ထို့ ကြောင့် ဝပ်ဆိုင်းမွန်း
ကျောင်းမှာ စီးပွါးရေးခိုင်မာလျက်ရှိပါသည်။ ဆရာတော်ကြီး ဦးအာသဖ မှာလည်း ကြည်ညိုသူပေါများသဖြင့်
နဝကမ္မအလှူတော်ငွေ နှင့် ကျောင်းပိုင်အဆောက်အဦးငှါးရမ်းခငွေ ဘတ်သိန်းနှစ်ဆယ်ကျော်ကျန်ရစ်ခဲ့ပါသည်။
ဤ မြန်မာကျောင်းကြီးကို ချင်းမိုင်မြို့ ရှိမြန်မာအနွယ်ဝင်များက လက်ဆင့်ကမ်းထိန်းသိမ်းစောင့်
ေ၇ှာက်လာခဲ့ရာ နှစ်ပေါင်း ( ၄၅၄ ) နှစ်ရှိပြီးမှ ယခုဆရာတော်ကြီးဦးအာသဖ ပျံလွန်တော်မူပြီးသောအခါ ထိုင်း
မြို့ နယ်သံဃာများက သိမ်းပိုက်ချင် လာကြပါသည်၊ဆရာတော်ကြီးဦအာသဖ ၏ စာပန ကိစ္စပြီးပါက ထိုင်း
ဘုန်းကြီးများကကျောင်းထိုင်မည်ဟု ထိုင်းဥပဒေကိုပြကာ တောင်းဆိုလာကြပါသည်၊ ချင်းမိုင်မြို့ တွင် မြန်မာ
တိုင်းရင်သား နှစ်သိန်းနီးပါခန့် ရှိပါသည်။ မြန်မာ အများစုကို မြန်မာဘုန်းတော်ကြီးက မြန်မာဘာသာဖြင့် တရား
ဟော၊တရားပြ မှသာကောင်းစွာနားလည်သဘောပေါက်ကြသဖြင့် မြန်မာဘုန်းတော်ကြီးများ နှင့် မှသဘာဝကျ
ပါသည်။ မြန်မာများ၏သာရေးနာရေးဘာသာရေးကိစ္စများပြုလုပ်ရန် မြန်မာ ဘုန်းတော်ကြီးကျောင်းလိုအပ်ပါ
သည်။ မြန်မာအနွယ်ဝင်များ ခေတ်အဆက်ဆက်စောင့်ရှောက်လာခဲ့သောကျောင်းတော်ကြီးအားမည်သည့်နည်း
နှင့်မျှ မြန်မာဆက်မပျက်လိုပါဟု ဆရာတော်ကြီးဦးအာသဖ မှ မိန့် ကြားခဲ့ပါသည်။ချင်းမိုင်မြို့ တွင်ယခင်က
မြန်မာဘုန်းတော်ကြီးကျောင်း ( ၇ ) ကျောင်းရှိခဲ့ရာ ထိုင်းဘုန်းကြီးများ သိမ်းယူပြီးကျောင်းထိုင်ကြသဖြင့် ယခု
ဝပ်ဆိုင်းမွန်းတစ်ကျောင်းတည်းသာ မြန်မာဘုန်းတော်ကြီးကျောင်းအဖြစ် ကျန်ရစ်ခဲ့ပါသည်။ထိုင်းနိုင်ငံတွင်
ဥပဒေနှင့်အညီ ခွင့်ပြုထားသော မဟာယနဂိုဏ်းသာသနာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာတို့ အား ဂိုဏ်း
အနေဖြင့် အသိအမှတ်ပြုထားသော်လည်း မြန်မာဘုန်းတော်ကြီးဂိုဏ်းဟူ၍ ဥပဒေနှင့်ခွင့်ပြုထားခြင်းမရှိပါ။
မြန်မာဂိုဏ်းထူထောင်ရန်တောင်းဆိုမှုရှိခဲ့သော်လည်း ထေရဝါဒ ချင်းအတူတူခွဲဖို့ မလိုပါဟု ပရိယာယ်နှင့်ဆိုကာ
ဥပဒေအသစ်ရေးဆွဲပြီး မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းများကို တစ်ကျောင်းပြီးတစ်ကျောင်းသိမ်းယူခဲ့ပါသည်။
ရှေးအခါကထိုင်းနိုင်ငံအတွင်းတွင်မြန်မာဘုန်းတော်ကြီးကျောင်း တစ်ရာကျော်ရှိခဲ့သော်လည်း ယခုအခါ ဆယ်
ဂဏန်းမျှသာကျန်ပါတော့သည်။
ထိုင်းနိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်းတိုးရန်မလွယ်ကူပါ လျှက်ရှိကျောင်းများ အသိမ်းမခံရဖို့ 
သာကြိုးစားရပါတော့မည်။ ထိုသို့ ကြိုးစားရာတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့ ရှိ ဒါယိကာ၊ဒါယိကာမများ ၏ အင်အား
နှင့်မလုံလောက်ပါ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနနှင့် သာသနာပြု ပုဂိုလ်များ ဝိုင်းဝန်းကူညီ
ဆောင်ရွက်ကြမှ ဖြစ်ပါလိမ့်မည်။ ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကို ရက်သတ်မှတ်ထားခြင်းမရှိသေး
သော်လည် ထိုင်းဘုန်းကြီးများက ကျောင်ထိုင်ရန် ဥပဒေကိုအကြောင်းပြ၍ဝင်ရောက်ရန်ကြိုးစားနေကြပါသည်။
ထို့ ကြောင့်ဆရာတော်၏ ဈာပနမတိုင်မှီ မြန်မာဘုန်းတော်ကြီးကျောင်းထိုင်နိုင်ရေးကိုကူညီကြပါရန်-
နိုးဆော်အကူအညီေ တာင်းအပ်ပါသည်။
0 comments:
Post a Comment