တကယ်လို့ စာရှုသူဟာ Internet ကနေ ရုပ်ရှင် သီချင်း စာအုပ် အစရှိတာတွေကို Download လုပ်ဖို့ Search Engine တွေကနေ ရှာဖူးမယ်ဆိုရင် ဒီ torrent ဆိုတဲ့ ဝေါဟာရကို မကြာခဏ တွေ့ဖူးပါလိမ့်မယ်။ torrent ဆိုတာကို အခု ရှင်းပြရင် အရမ်းကျယ်ပြန့်သွားမှာ မို့လို့ နောက်မှ Post အသစ်တစ်ခု သက်သက်ဖွင့်ပြီး ရေးပြပါမယ်။ အခု ဒီနေရာမှာတော့ torrent client ကို အသုံးပြုပြီး File Download လုပ်ပုံ အဆင့်ဆင့်ကိုပဲ ရှင်းပြပါတော့မယ်။
torrent ကနေတစ်ဆင့် Download လုပ်မယ်ဆိုရင် အရင်ဆုံး torrent client software တစ်ခု လိုအပ်ပါမယ်။ torrent client ပေါင်း မြောက်မြားစွာ ရှိတဲ့အထဲကမှ လူသုံးများပြီး ပေါ့ပါးတဲ့ utorrent client နဲ့ပဲ ကျွန်တော် ရှင်းပြသွားပါမယ်။ ဒီနေရာကနေ utorrent ကို download လုပ်လိုက်ပါ။ ပြီးရင် install လုပ်လိုက်ပါ။
Install လုပ်တဲ့အခါ Setting တွေကို Default အတိုင်းပဲထားပါ။ Install လုပ်ပြီးသွားတဲ့အခါ Desktop ပေါ်က utorrent icon ကို Double Click လုပ်ပြီး run လိုက်ပါ။
ဒါကတော့ utorrent ကို run လိုက်တဲ့အခါ မြင်ရတဲ့ Interface ပါ။ ကျွန်တော်တို့ အရင်ဆုံးလုပ် ရမှာက Setting တွေချိန်ညှိဖို့ပါ။ ဒီအဆင့်က အရေးကြီးပါတယ်။ Setting ကောင်းကောင်းချိန် ထားမှသာလျှင် Download လုပ်တဲ့အခါ အကောင်းဆုံး Speed ကိုရမှာပါ။ ကဲ…ကျွန်တော်တို့ စလိုက်ရအောင်။
Option Menu ကနေ Preferneces ကိုနှိပ်လိုက်ပါ။ အောက်ပါ screen ကိုမြင်ရပါလိမ့်မယ်။
အရင်ဆုံး Directories Menu ကို နှိပ်လိုက်ပါ။ Location of Downloaded Files ဆိုတဲ့နေရာ မှာ Put new downloads in ဆိုတဲ့ Box ကို Check လုပ်လိုက်ပါ။ ညာဘက်ဆုံး မှာရှိတဲ့ Button ကို Click လုပ်ပြီး File တွေကို Save လုပ်မယ့် Folder တစ်ခုကို ရွေးပါ။ ကျွန်တော်ကတော့ C:\ အောက်မှာ မထားစေချင်ပါဘူး။ စက်ရဲ့ Performance ကျလို့ပါ။ စာဖတ်သူရဲ့ PC မှာ Partition နှစ်ခုခွဲထားတယ်ဆိုရင်တော့ C:\ မဟုတ်တဲ့တစ်ခြား Partition ( i.e D:\ ) အောက်မှာ Folder အသစ် တစ်ခုသက်သက် ဆောက်ပြီး ထားစေချင်ပါတယ်။ ပြီးရင် Connections Menu ကို နှိပ်ပါ။ တကယ်အရေးကြီးတဲ့ အပိုင်းတွေက ခုမှလာပါပြီ။
ဒီ Screen မှာ "Enable UPnP port mapping" "Enable NAT-PMP port mapping" "Add windows Firewall Exception" "Randomize port each start" Box အားလုံးကို Check လုပ်ပါမယ်။ ပြီးရင် Bandwidth Menu ကိုသွားပါ။ ဒီအဆင့်မှာ ဘာ Setting မှ မချိန်ခင် စာဖတ်သူအနေနဲ့ ကိုယ်သုံးနေတဲ့ Internet Line ရဲ့ Bandwidth နဲ့ Download speed, Upload speed ကိုသိဖို့လိုပါမယ်။ www.speedtest.net ကိုသွားပါ။ Begin Test Button ကိုနှိပ် လိုက်ပါ။
ခဏကြာတဲ့အခါမှာ စာဖတ်သူသုံးနေတဲ့ Internet Line ရဲ့ Bandwidth Information ကို မြင်ရပါလိမ့်မယ်။ ကျွန်တော်က 6Mbps Line သုံးတာဖြစ်တဲ့အတွက် Result တွေက အောက်ပါ အတိုင်းပေါ်ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ အတွက် အရေးကြီး တာက Upload Speed ပါ။ စာဖတ်သူရဲ့ ရလာတဲ့ Upload Speed ကို မှတ်ထားလိုက်ပါ။
ကျွန်တော်တို့ လိုချင်တာက Upload Speed ကို Kilo Bytes Per Second (KBps) နဲ့လိုချင်တာပါ။ Mega Bits Per Second (Mbps) နဲ့လိုချင်တာမဟုတ်ပါဘူး။ ဒီတော့ ရလာတဲ့ Upload Speed ကို Google ကိုသုံးပြီ KBps နဲ့ တွက်ခိုင်းပါမယ်။ www.google.com ကို သွားပြီး ___Mbps in KBps လို့ရိုက်ထည့်ပြီး Search လုပ်လိုက်ပါ ( ___ နေရာမှာ စာဖတ်သူ ရလာတဲ့ Upload Speed ကိုရိုက်ထည့်ပါ) ။
ရလာတဲ့ KBps ကိုမှတ်ထားလိုက်ပါ။ ပြီးရင် http://infinite-source.de/az/az-calc.html ကိုသွားလိုက်ပါ။ ရထားတဲ့ KBps ကို kiloByte/Second ဆိုတဲ့ Box ထဲကို ရိုက်ထည့်လိုက်ပါ။
ဒီ Page မှာ မြင်ရတဲ့ အတိုင်း utorrent ရဲ့BandWidth Menu မှာ လိုက်ထည့်ပါမယ်။
နောက်တစ်ဆင့်အနေနဲ့က BitTorrent Menu ကိုသွားပါမယ်။ ဒီ Menu မှာ "Limit Local Peer Bandwidth" Box ကလွဲလို့ ကျန်တဲ့ Box အားလုံးကို Check လိုက်လုပ်ပါ။ Protocol Encryption မှာ Outgoing ကို Enabled ကိုရွေးပါ။ "Allow Incoming Legacy Connections" ကိုလည်း Check လုပ်လိုက်ပါဦး။
ကျွန်တော်တို့ နောက်ဆုံးတစ်ဆင့်ပဲ ကျန်ပါတော့တယ်။ Queueing Menu ကို Click လုပ်ပါ။ "Maximum Number of active torrents" နဲ့ "Maximum Number of active downloads" ကို 2 ပဲထားပါ။ "Minimum Ratio" ကို 100 ထားပါ။ "Limit the upload rate" Box ကို Check လုပ်ပေးပြီး Value ကိုတော့ "0″ ပဲထားပါ။
အခုဆိုရင် ကျွန်တော်တို့ လိုအပ်တဲ့ Setting တွေ အားလုံးကို ချိန်ညှိပြီးပါပြီ။ Download လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ အစမ်းအနေနဲ့ ရုပ်ရှင်တစ်ကားလောက် Download လုပ်ကြည့်ရအောင်။ torrent တွေကို Download လုပ်ဖို့အတွက် Torrent Search Engine တွေကတော့ အများကြီးရှိပါတယ်။ လူသုံးအများဆုံးကတော့ www.thepiratebay.org ပါ။ Piratebay မှာ ကျွန်တော်တို့ လိုချင်တဲ့ ရုပ်ရှင်တစ်ကားကားကို ရှာကြည့်ပါမယ်။ The King's Speech ဆိုတဲ့ ရုပ်ရှင်ကို ရှာကြည့်ရအောင်။
Torrent ကနေ Download လုပ်ရင် အရေးကြီးတာက Seeder/Leecher Ratio ပါ။ Seeder ဆိုတာကတော့ ဒီ File ကို 100% Download လုပ်ပြီးသွားပြီး ကိုယ့်ကို ပြန် Share ပေးနေတဲ့သူတွေပါ။ Leecher သို့မဟုတ် Peer ဆိုတာကတော့ ကိုယ်အပါအ၀င် ဒီ File ကို Download လုပ်နေတဲ့သူတွေ၊ File ကို 100% အပြည့် မပြီးသေးတဲ့သူတွေပါ။ Seeder များပြီး Peer နည်းရင် Download Speed ပိုကောင်းပါတယ်။ Seeder/Leecher Ratio ကြီးလေလေ Speed ကောင်းလေလေပါပဲ။ အဓိပ္ပါယ်ကတော့ Seeder 1000/Leecher 500 ရှိတဲ့ File ထက် Seeder 1000/Leecher 100 ပဲရှိတဲ့ File က Download Speed ပိုကောင်းပါလိမ့်မယ်။ Download လုပ်မယ်ဆိုရင် အဲဒီလိုမျိုး Seeder များပြီး Leecher နည်းတဲ့ File ကိုသာရွေးပါ။ Download လုပ်ပြီဆိုရင် utorrent မှာ မြင်ရတဲ့ Seeder/Leecher Ratio ကတော့ WebSite မှာမြင်ရတဲ့ Seeder/Leecher အရေအတွက်နဲ့ အနည်းငယ်ကွာပါလိမ့်မယ်။
အပေါ်မှာပြထားတဲ့ ပုံနှစ်ပုံမှာဆိုရင် Torrent 1 မှာ Seeder က 5391 ယောက်နဲ့ Leecher က 1195 ယောက်ရှိပါတယ်။ Ratio နဲ့ဆိုရင် ပျမ်းမျှ 5:1 လောက်ရှိပါတယ်။ Torrent 2 မှာ Seeder က 1394 ယောက်နဲ့ Leecher က 571 ယောက်ရှိပါတယ်။ Ratio 2:1 ကျော်လောက် ရှိပါတယ်။ ဒီတော့ ဒီ File နှစ်ခုကို Download လုပ်ကြည့်မယ်ဆိုရင် Torrent 1 က Torrent 2 ထက် Download Speed မြန်ပါလိမ့်မယ်။ အခု ကျွန်တော် Torrent 1 ကို Download လုပ်ကြည့်ပါမယ်။
ခုလောက်ဆိုရင် utorrent နဲ့ Download လုပ်တာနဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်စုံသွားပါပြီ။ အားလုံးလည်း Download လုပ်လို့ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အခက်အခဲတစ်ခုခုတွေ့တယ် ဆိုရင် Comment Section မှာ မေးမြန်းနိုင်ပါတယ်။ အမြန်ဆုံး ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ အားလုံး စိတ်နှလုံး ချမ်းမြေ့ကြပါစေ။
3 comments:
Thanks you very much...... :)
Thanks...
Thanks...
Post a Comment