Monday, October 17, 2011

ထိုင်းနိုင်ငံတွင် သာသနာ့ခရီး အဘယ်မျှပေါက်ရောက်နေ

ချင်းမိုင်မြို့   ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်း  ၌ အပတ်စဉ် ...တရားအားထုတ်လျှက်ရှိကြသော တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့ ၏ မှတ်တမ်းဓါတ်ပုံများကို  ဒီနေရာတွင် အပြည့်အစုံသွားကြည့်နိုင်ပါသည်။ ၀ပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်းတွင်  ကျောင်းတွင်း တစ်ရက်တာသွားရောက် အားထုတ်သူများ ဖုန်း၊အင်တာနက် (စကိုက်ဖြင့် ) အားထုတ်သူများဖြင့် စည် ကားသိုလ်မြိုက်လျှက်ရှိပါသည်။ ဒါအပြင် (၉-10-2011) တွင် တရား စခန်းဝင် ယောဂီများနှင့် အင်တာနက်ယောဂီအချို့   တရားပြဆရာမလေးဒေါ်မေသက်၏ ကြိုးပန်းမှုကြောင့်  ထိုင်းတရားဓမ္မရိပ်သာ သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ တရားစခန်း တည်ဆောက်ထားသော မြေမျက်နှာသွင်ပြင်အနေထား ၊ အဆောက် အဦးနှင့် ကျောင်းတော်၏ထူးခြားမှုများကို လည်းလေ့လာခွင့်ကျွန်တော်တို့ ရခဲ့ကြပါတယ်...
ဒီကျောင်းတော်ကြီးမှာ ပြင်ဆင်ထားတဲ့ စတိုင် ကတော့် အရမ်းကို  အတုယူဖွယ်ရာ ကောင်းပါတယ်...
နည်းနည်းလေး ဒီကျောင်းနဲ့ပတ်သက်လို့..ကျွန်တော်မြင်ခဲ့တာကိုပြောမယ်ဆိုရင် .....
အေးဆေးတည်ငြိမ်ချက်က  ငှက်ကလေးတစ်ကောင်အသံတောင် မကြားရပါဘူး
တူးမြောင်းလေးတွေ ထဲမှာ ရေပန်းတွေနဲ့အလှဆင်ထား တယ်... မျက်ခင်းပြင်မှာ မျက်တွေ ညီညီညာညာ တန်းစီးကြတယ်...လှုံခြုံရေးကင်မရာတွေတပ်ဆင်ထားတယ်....ယောဂီတစ်ပါးကို အဆောင်တစ်ဆောင်  ပေးထားတယ်...အားလုံး ယောဂီ (၉၀)ကျော်ဆန့်တယ်...
သစ်ပင်ပန်းမန်းနဲ့ သဘာဝပတ်ဝန်းကျင် အလှအပကို 100 % ဖန်တီးထားတယ်...
ရိပ်သာ၏ ဝေယာဝစ္စ ကောင်းမွန်းတယ် ....သန့်ရှင်းရေး က ပြောစရာမရှိအောင် ဖြစ်နေတယ်... အရမ်းကို စိတ်ချမ်းသာစရာကောင်းတဲ့ ..တရားအားထုတ်လို့  .....အရမ်းကောင်းတဲ့နေရာလေးတစ်ခု ဖြစ်နေတယ်လို့ ခံစားမိလို့  ကျွန်တော် ....ဘာလို့မှန်းမသိဘူး ...ဒီပို့လေးကို သူငယ်ချင်းတွေကြည့်ဖို့ ...တင်ပေးလိုက်တာပါ..
အဓိက တင်ပေးလိုက်ရတဲ့ရည်ရွှယ်ချက်က ထိုင်းနိုင်ငံမှာ သာ့သနာခရီးဘယ်မျှပေါက်နေသည် ဆိုတာကို သိစေချင်တာပါ....
တရားထိုင်ရာ ကျောင်းအားအပြင်ဘက်မှ မြင်ရပုံ

ကျောင်းအတွင်းယောဂီများ တရားကျင့်ကြံကြိုးကုတ် အားထုတ်နေပုံ




  ငြိမ်းဝပ်စံပယ်လျှက်ရှိသော ဗုဒ္ဓမြတ်စွာဆင်းတုတော်သည်....သက္ကန်းသည် ပတ္တမြားအစစ်ဖြစ်သည်


သွားရောက်လည်ပတ်ခဲ့သော ယောဂီများစုပေါင်းဓါတ်ပုံ 

ဆွမ်းစားဆောင်




 တခဏရ လူ့ဘ၀ အနှစ်ရှိအောင်ကြိုးစားနေကြပုံ

ယောဂီများသီတင်းသုံးရာကျောင်းများသို့ လေ့လာနေစဉ်



ယောဂီများ ကြိမ်းစက်ရာ ကုတင်

ဆက်လက်၍ ..
မှတ်တမ်းဓါတ်ပုံများကို ဒီနေရာတွင်ကြည့်ရှူ့ပါရန်။

0 comments: