Friday, September 30, 2011

မအိုမနာမသေဆေးအပါအဝင် မြန်မာ့ဆေးမြီးတိုနည်းများ

အစွမ်းထက်မြက်သောဆေးမြီးတိုနည်းများပို့စ် မှာပြောခဲ့တဲ့အတိုင်း မအိုမနာသေဆေးအပါအဝင် အစွမ်းထက်ဆေးမြီးတိုနည်းများအကြောင်းကို ဖော်ပြပါတော့မယ်ခင်ဗျာ။

 

အသည်းရောင်အသားဝါ၊ သွေးတိုးရောဂါ ရှိပါက ကြက်ဟင်းခါးရွက်ကို ဟင်းချိုချက်သောက်ရပါမည်။

 

လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါရပါက ဂွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ရပါမည်။

 

ညှင်း၊ တင်းတိပ်နှင့်ဝက်ခြံများပေါက်ပါက ဘုတလင်သီးကို သံပုရာရည်နှင့်သွေး၍လိမ်းပါ။

 

ခံတွင်းပျက်ရောဂါရပါက ဂုံမင်းဟင်းချိုကို သောက်ပါ။

 

အအေးမိအဖျားရောဂါရပါက ငရုတ်ကောင်းမှုန့်ကို ဟင်းချိုပူပူမှာထည့်သောက်ပါ။

 

ဝမ်းချုပ်ရောဂါရပါက ငုရွက်နုနုကို ဟင်းချိုချက်သောက်ပါ။

 

မြစ်ပွားနာအဖု အကျိတ်အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍သောက်ပါ။

 

ခန္ဓာကိုယ်အတွင်းပိုင်းတွင် အနာပေါက်ပါက ဘုတလင်သီးကို ဆန်ဆေးရေနှင့်ရော၍ သောက်ပါ။

 

စကားထစ်၊ ဆွံ့အရောဂါရပါက မြင်းခွာရွက်ဟင်းချိုကို တစ်နေ့၃ကြိမ် မှန်မှန်သောက်ပေးပါ။

 

နှလုံးအားနည်း၊ သွေးတိုးမူးဝေပါက ဧကရဇ်ပွင့်ဟင်းချိုကိုသောက်ပါ။

 

             ကဲ . . .အခုဆိုရင် အားလုံးမျှော်လင့်နေကြတဲ့ မအိုမနာမသေဆေးဖော်နည်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြပါတော့မယ်ခင်ဗျာ။ ဆေးနည်းလေးကတော့ ဒီလိုပါတဲ့။

 

ဆေးရိုးပင် (ဝါ) ဥနှဲပင်အမြစ်(၁၀)သား၊

ဖွားဖက်ဆေးပင်(ဝါ)ငုရွှေဝါပင်ရဲ့အမြစ်(၁၀)သားနဲ့

ဆင်တုံးမနွယ်ပင်အမြစ်(၁၀)သားကို

အခြောက်လှမ်း အမှုန့်ပြုလုပ်ပြီး

ပေါင်ဒါကျအောင် ဆန်ကာနဲ့စစ်ယူရမယ်။

ပြီးရင် ပျားရည်စစ်နဲ့ရောမွေပြီး

ဇီးကင်းလောက်ဆေးလုံးလေးတွေလုံးရမယ်။

ဆေးလုံးလေးတွေကို လေလုံတဲ့ပုလင်းထဲမှာထည့်ပြီး

တစ်ပါတ်ကြာရင်သုံးဆောင်လို့ရပါပြီ။

 

               ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်ပါတယ်။ သေခြင်းဆိုတာ မြတ်စွာဘုရားတောင်မလွန်ဆန်နိုင်တဲ့ သင်္ခါရသဘောတရားပါ။ ဒီတော့ ကျွန်တော်တို့လိုဘာမဟုတ်တဲ့ ပုထုဇဉ်တွေဟာ သေခြင်းကို ဆန့်ကျင်ဖို့ဆိုရင် ဝေလာဝေးသေးတယ်။

               ဒီဆေးကိုဘာလို့အဲ့လိုခေါ်ရတာလဲဆိုတော့ ဆေးရိုးပင်ရဲ့အရွက်ဟာ ကြွေသာသွားတယ်။ ဘယ်တော့မှ ဝါမသွားပါဘူး။ ဒါကြောင့်သူ့ကို မအိုပင်လို့ခေါ်ကြပါတယ်။ နောက် ဆင်တုံးမနွယ်ဟာလည်း သူ့ပင်စည်ကို ဘယ်လောက်ပဲခုတ်ခုတ်သေသွားတယ်မရှိပဲ ကိုင်းတွေအမြဲပြန်ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့်သူ့ကို မနာပင်လို့ခေါ်ကြပါတယ်။ ပျားရည်ကတော့ ဘယ်တော့မှ ပုပ်သိုးခြင်းမရှိတဲ့အတွက် သူ့ကို မသေသော အရည်လို့ခေါ်ကြပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေရဲ့ အမျိုးအစားကိုလိုက်ပြီး မအိုမနာမသေဆေးလို့ခေါ်ကြတာပါ။

              ဒီဆေးရဲ့အစွမ်းကတော့ ၉၆ပါးရောဂါများမှကာကွယ်ပျောက်ကင်းစေနိုင်ပြီး၊ သက်ရှည်ကျန်းမာစွာနဲ့ ဘဝကိုဖြတ်သန်းနိုင်မယ့် အာနိသင်ရှိပါတယ်ခင်ဗျာ။

             အားလုံးကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။   ။

နေဇော်ထွေး(ခေတ

ဦးနှောက် ပျက်ဆီးစေတဲ့ အချက် ၁၀-ချက်


 


၁။ မနက်စာမစားခြင်း


မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတက်ပါတယ်။ အကျိုးဆက်အနေနဲ့ ဦးနှောက်တွေအတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။

၂။ လွန်ကဲစွာစားသောက်ခြင်း


လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား ရောဂါ(လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစာဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ)ပါ ဖြစ်လာနိုင်ပါတယ်။

၎။ အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကိုအဟန့် အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက် အယှက် ဖြစ်စေပါတယ်။

၅။ လေထုညစ်ညမ်းခြင်း


ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူသွင်ခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၆။ အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၇။ အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း


ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှု့ကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်ဆီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၈။ ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး စာကျက်စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကို လည်းပျက်ဆီးစေပါတယ်။

၉။ စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု့ မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှု့တွေ မလုပ်ပေးရင် ဦးနှောက် ကိုကျုံ့စေပါတယ်။

၁၀။ စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

 

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

crystaleye
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

VZO/skype စတဲ့ နှစ်ခုဖွင့်မရတာတွေကို နှစ်ခုတပြိုင်နက်ထဲ ဖွင့်ရအောင်

မသိသေးသူများအတွက် တင်ပေးလိုက်ပါတယ်။

ပထမဆုံး အောက်ကလင့်လေးတွေကနေ အရင်ဒေါင်းလိုက်ပါ။2mb ဘဲ ရှိပါတယ်။


http://www.mediafire.com/?acr2ik18ngvvumc

http://ifile.it/dhtlymr/SandboxieInstall_httpwww_akyinnarnantaw_org.exe


ဒေါင်းပီးပီဆိုရင် install လုပ်လိုက်ပါ။
အောက်မှာသုံးပုံသုံးနည်းလေးကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။အခုကျွန်တော် vzo ကိုနှစ်ခုဖွင့်ပြပါမယ်။




သူက ရှော့ကတ်နဲ့ဖွင့်မရတဲ့အတွက် အရင်ဆုံး Start>All programs ကနေ vzochat folder လေးကိုသွားပါမယ်။


ပြီးရင် ကိုယ်ဖွင့်ချင်တဲ့ vzochat လေးပေါ်မှာ right click ထောက်ပြီး ပုံထဲကအတိုင်း run sandboxed နဲ့ ဖွင့်လိုက်ပါ။


ဒီလိုဘောက်လေး ပေါ်လာပါမယ်။OK ပေးလိုက်ပါ။


ကဲ ပုံထဲကအတိုင်း vzoချက် နှစ်ခုဖွင့်လိုက်ပါပီ။တခြားဖွင့်ချင်တာလေးတွေကိုလဲ ဒီနည်းအတိုင်းဖွင့်နိုင်ပါတယ်။
အဲ တကယ်လို့ အခုပြောထားတဲ့နည်းနဲ့ မရဘူးဆိုရင် နောက်တစ်နည်းက C:\Program Files> ကိုယ်ဖွင့်ချင်တဲ့ဟာရဲ့ folder ကိုသွားပါ။folder ထဲမှာရှိတဲ့ application ကို right click ထောက်ပြီး run sandboxed နဲ့ဖွင့်လိုက်ပါ။

အားလုံးအဆင်ပြေပါစေ။

အဆင်မပြေပါက တစ်ခုခုရေးခဲ့ပါနော်....


ဝတ်ထားတဲ့သင်္ကန်းနဲ့ ကိုယ်နဲ့ ထိုက်တန်ရဲ့လား..

(အရှင်ဘုရား တပည့်တော်သိချင်တာလေးတစ်ခု လျှောက်ထားမေးမြန်းလိုပါတယ်ဘုရား ဦးဇင်းဝိနည်းနဲ့မညီတဲ့ ဦးဇင်းကိုမလေးစားရင် သက်န်းကြောင့် အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဘုရား..)

မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်ရှစ်ဖြာထဲမှာ "မဟာသမုဒ္ဒရာ အပုပ်ကောင်တွေကို ဘယ်တော့မှ သူထဲမှာ မထားဘူး။ ကမ်းပေါ်ရောက်အောင် ပို့ပစ်တတ်တယ်"တဲ့။

 

"ရှင်တော်မြတ်ဘုရားရဲ့ သာသနာတော်ဟာ ကိုယ်ကျင့်တရားမကောင်းတဲ့ သူတွေ နေလို့မရပါဘူး။ ကိုယ့်ကျင့်တရား မကောင်းတဲ့ သူတွေဟာ ရှင်တော်မြတ်ဘုရားရဲ့ သာသနာတွင်းမှာ ကြာရှည်စွာ မရပ်တည်နိုင်ကြပါဘူး။ သာသနာတော်တွင်းကနေ ထွက်ခွါသွားရကြပါတယ်"တဲ့။

 

တစ်ခါတုန်းက ဘုရားရှင်က ရဟန်းတော်တွေကို "ရဟန်းတို့ ရဲရဲပြောင်ပြောင် တောက်လောင်နေတဲ့ သံပြားကြီးတွေကို ၀တ်ရတာနဲ့ သင်္ကန်းကို ၀တ်ရတာဟာ ဘယ်ဟာက ကောင်းလဲ"လို့ မေးတော်မူပါတယ်။

 

ရဟန်းတော်တွေက "သင်္ကန်းကို ၀တ်ရတာက ကောင်းပါတယ်"လို့ ဖြေကြပါတယ်။

 

ဒီအခါမှာ ရှင်တော်မြတ်ဘုရားက "ကိုယ်ကျင့်တရားမကောင်းတဲ့ ရဟန်းဟာ သင်္ကန်းဝတ်တာနဲ့စာရင် ရဲပြောင်ပြောင်တောက်လောင်နေတဲ့ သံပြားကြီးတွေကို ၀တ်ရတာကမှ ကောင်းပါသေးတယ်။ သင်္ကန်းဝတ်ရတာက မကောင်းပါဘူး။ သံပြားကြီးက တစ်ဘ၀ပဲ သေစေနိုင်တယ်။ သင်္ကန်းကတော့ ကိုယ်ကျင့်တရားမကောင်းပဲ ၀တ်ထားတဲ့ ရဟန်းကို ဘ၀ဆက်တိုင်းသေစေနိုင်တယ်။ ဆင်းရဲခြင်းကို ပေးစွမ်းနိုင်တယ်"လို့ ဟောကြားတော်မူခဲ့ပါတယ်။

 

အရာတိုင်းဟာ သူနဲ့ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ရှိရစမြဲပါ။ ဘယ်အရာကမှ အလကားမရပါဘူး။ သင်္ကန်းကို ၀တ်မယ်ဆိုရင်သင်္ကန်းနဲ့ ထိုက်တန်တဲ့ အရာတွေကိုတော့ ပေးဆပ်ရမှာပါ။

 

"ဣနြေ္ဒတို့ကို စောင့်စည်းထိန်းချုပ်မှု မရှိ၊ မှန်ကန်စွာ ပြောဆိုခြင်းလည်း မရှိ၊ ကိလေသာဖန်ရည်လဲ မကင်းပါပဲလျှက် ဖန်ရည်ဆိုးသော သင်္ကန်းကို ၀တ်ရုံသောသူသည် ဖန်ရည်ဆိုးသော သင်္ကန်းနှင့် မထိုက်တန်ပေ"

 

ဒါက ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ သင်္ကန်းကို ၀တ်ချင်သူများအတွက် လိုအပ်တဲ့ အခြေခံအချက်တွေပါ။ ပြောခဲ့ အချက်သုံးချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ "ကိလေသာဖန်ရည် မကင်းရင်တောင်မှ သင်္ကန်းဝတ်သူဟာ ဣနြေ္ဒတို့ကို စောင့်စည်းထိန်းချုပ်ခြင်း မှန်ကန်စွာပြောဆိုတတ်ခြင်းဆိုတဲ့ အချက်နှစ်ချက်နဲ့တော့ ပြည့်စုံရပါမယ်"။

 

တကယ်တော့ ရဟန်းဘ၀ဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့သူနဲ့တူပြီးတော့ လူ့ဘ၀ကတော့ မြေပြင်ပေါ် လမ်းလျှောက်နေရသူနဲ့ တူပါတယ်။

 

မြေပြင်ပေါ် လမ်းလျှောက်နေသူဟာ ချော်လဲရင် နာရုံပါပဲ။ ကြိုးတန်းပေါ်ကသူ ချော်လဲရင်တော့ သေတောင်သေနိုင်ပါတယ်။ မြေပြင်ပေါ်ကသူနဲ့ ကြိုးတန်းပေါ်ကသူ ချော်လဲတာချင်း အတူတူတောင်မှ ကြိုးတန်းပေါ်ကသူက သေဖို့ပိုများပါတယ်။

 

ဒါကြောင့် သင်္ကန်းဝတ်သူများရော သင်္ကန်းဝတ်ချင်တဲ့သူများရော "ငါဝတ်မယ့်သင်္ကန်းနဲ့ ထိုက်တန်အောင် ငါနေနိုင်ပါ့မလား"ဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။

 

"ငါဝတ်ထားတဲ့ သင်္ကန်းနဲ့ ငါနဲ့ ထိုက်တန်ရဲ့လားဆိုတာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်"။

 

ဆရာသမားများကတော့ "သင်္ကန်းဝတ်နဲ့ ကောင်းကောင်းမွန်မွန် မနေနိုင်ရင် စောစောစီးစီး လူထွက်ကြ။ လူ့ဘ၀က သားနဲ့မယားနဲ့ ပျော်ပျော်ပါးပါးနေပြီးတော့ ငါးပါးသီလလောက် လုံအောင်ထိန်းနိုင်ရင် နောင်ရေးစိတ်အေးရတယ်။ အနည်းဆုံးတော့ ဒီဘ၀မှာ မိန်းမတော့ ရလိုက်သေးတယ်။ သင်္ကန်းဝတ်နဲ့ ကောင်းကောင်းမွန်မွန် မနေနိုင်ပဲ နေရင် ဒီဘ၀လဲ မိန်းမမရ သေတော့လဲ ငရဲသွားရဦးမယ်၊ နှစ်ခါရှုံးတယ်။ ဒါကြောင့် လူထွက်ကြ"လို့ ပြောလေ့ရှိပါတယ်။

 

ဒီစကားကို ဦးဇင်းကတော့ တကယ်သဘောကျပါတယ်။

 

ဒီလောက်ဆိုရင် အဖြေက လုံလောက်ပြီလို့ ယူဆလိုက်ပါတယ်။

 

............................................................................................................မိုးသု(မန္တလေး)

ဘုရားဆိုတာဘယ်လိုလူလဲ

စာရေးသူ စင်ကာပူကိုရောက်နေချိန် စာရေးသူတည်းခိုတဲ့ သစ္စာပါရမီဓမ္မရာဇာရိပ်သာတွင် 13-11-2010 ရက်နေ့ ရှင်ပြုပွဲတစ်ပွဲနှင့်ဆုံတွေ့သည်။ ညီအစ်ကိုနှစ်ယောက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်ဖြစ်သည်။ မြန်မာစကားတော့ ပြောနိုင်သည် စာကိုတော့မဖတ်တက်ပါ၊ ကိုရင်ဝတ်ပြီးကျောင်းမှာနေကြသည်။ တစ်နေ့တော့ ဆရာတော်မှ စာရေးသူကို  ဦးဇင်းက ကိုရင်လေးနှစ်ပါးကို ဂုဏ်တော်တွေနှင့် သင့်တော်မည့်စာတွေကို ခဏသင်ပေးပါဆိုပြီး အမိန့်ရှိလာပါသည်။ စာရေးသူမှာလည်း သူတို့လေးတွေကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်များကို သင်ပေးသည်။ ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဗေါ စသည်ဖြင့်ဂုဏ်တော်များကိုသင်ပေးပါသည်။ အခုကိုရင်တို့ဆိုလိုက်တာကို ဘုရားဂုဏ်တော်လို့ခေါ်တယ်၊ ဘုရားဂုဏ်တော် ၉ ပါးရှိတယ်။  ဂုဏ်တော်များကို အလွတ်ကျတ်ခိုင်းပြီး တစ်ခုချင်းစီကို အဓိပ္ပါယ်ရှင်းပြသည်။
       အဲဒီတော့ကိုရင်ငယ်လေးက ဦးဇင်းဘာဖြစ်လို့ ဘုရားလို့ခေါ်တာလဲတဲ့ မေးသည်။ ဒီတော့ စာရေးသူက (၁) အရဟံ- ကိလေသာ အပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောကြောင့် ဘုရား။ (၂) သမ္မာသမ္ဗုဒ္ဓေါ- သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသောကြောင့် ဘုရား။ (၃) ၀ိဇ္ဇာစရဏသမ္ပန္နော- အသိဥာဏ် ၀ိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူသောကြောင့် ဘုရား။ (၄) သုဂတော- ကောင်းသောစကားကိုပဲ ပြောဆိုတော်မူသောကြောင့် ဘုရား။ (၅) လောက၀ိဒူ- သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟု ဆိုအပ်သော လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တဲ့အတွက်ကြောင့် ဘုရား။ (၆) အနုတ္တရောပုရိသဓမ္မသာရထိ- မယဉ်ကျေးသေးသော လူ၊ နတ်၊ ဗြဟ္မာ၊ တိရိစ္ဆာန် သတ္တ၀ါတို့ကို တုတ်ဓါးမပြ တရားချ၍ ယဉ်ကျေးအောင် ဆုံးမနိုင်သောကြောင့် ဘုရား။ (၇)သတ္ထာဒေ၀မနုဿာနံ- လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသောကြောင့် ဘုရား။ (၈) ဗုဒ္ဓေါ- သစ္စာလေးပါးတရားကို မိမိကိုယ်တိုင်လည်းသိတယ် သူတစ်ပါးတို့ကိုလည်း သိအောင်ဟောပြ သင်ပေးနိုင်သောကြောင့် ဘုရား။ (၉) ဘဂ၀ါ- ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တဆိုတဲ့ ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားဖြစ်တယ် စသည်ဖြင့်ရှင်းပြသည်။
          နောက် ဗုဒ္ဓ၀င်ကိုပြောပြ၊ ခြောက်နှစ်လုံးလုံး တရားကျင့်ပုံတွေ ကျင့်ပုံကျင့်နည်းတွေပြောပြ၊ အဲဒီအကျင့်တွေဟာ လူသာမန်တွေမကျင့်နိုင်ဘူး၊  ဘုရားဖြစ်ဖို့အတွက် သူ့မှာဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရတာတွေ၊ အဲဒီလိုပေးဆပ်ခဲ့ ကျင့်ခဲ့လို့ နောက်ဆုံးမှာဘုရားဖြစ်သွားတယ်။ ဘုရားဖြစ်သွားတော့ သူဟာအနှိုင်းမဲ့ဖြစ်သွားတယ်၊ ဒီလောကကြီးမှာ သူနဲ့နှိုင်းယှဉ်မဲ့သူမရှိဘူး၊ ဘုရားဟာ လူတော့လူပဲ ဒါမယ့်သာမန်လူလိုမဟုတ်တော့ဘူး၊ သာမန်လူတွေမှာ မရှိနိုင်တာ ဘုရားမှာရှိတယ်၊ သာမန်လူတွေအတွက် အရမ်းခက်ခဲတဲ့ အလုပ်တွေဟာ ဘုရားရှင်အတွက် အရမ်းလွယ်နေတယ်။ ကိုရင်တို့ တပည့်တော်တို့တွေ မလုပ်နိုင်တာကို ဘုရားရှင်ကလုပ်နိုင်တယ်။ အခုကိုရင်တို့ တပည့်တော်တို့တွေဟာ ဒီစင်ကာပူမြို့ထဲကို လျှောက်သွားတဲ့အခါမှာ ကောင်းတဲ့ပစ္စည်းတွေ မြင်ရင်လိုချင်တယ်၊ အဲဒီလိုချင်တာကို ဦးဇင်းတို့စာပေက လောဘ လို့ခေါ်တယ်၊ အဲဒီလောဘဟာ အကုသိုလ်ဖြစ်တယ်၊ စိတ်ဆိုးစရာနဲ့တွေ့လာရင် ကိုရင်တို့ တပည့်တော်တို့က စိတ်ဆိုးကြတယ်၊ အဲဒါကို စာပေက ဒေါသ လို့ခေါ်တယ်၊ အဲဒီဒေါသကို အကုသိုလ်လို့ခေါ်တယ်၊ အဲဒီအကုသိုလ်ဟာ ကိုယ့်အတွက်လည်း ကောင်းကျိုးကိုမပေးဘူး၊ သူများအတွက်လည်း ကောင်းကျိုးကိုမပေးဘူး။ ကြောက်စရာရှိရင် ကြောက်တယ်။ အေး ဘုရားရှင်မှာ အဲဒီလို လိုချင်တာ၊ စိတ်ဆိုးတာတွေဟာ မရှိတော့ဘူး မကောင်းမှု အကုသိုလ်မှန်သမျှကို အကုန်ပယ်လိုက်ပြီ။ အဲဒီ အကုသိုလ်တွေ မရှိတော့ ဘုရားရှင်ဟာ အရမ်းသန့်ရှင်းစင်ကြယ်တယ်။ ဘုရားရှင်ကို ကြည့်လိုက်ရင်လေ အရမ်းကြည်ညိုဖို့ကောင်းတယ်။
        အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် နေရူးကိုကြားဖူးလား ဆိုတော့ ကြားဖူးတယ်တဲ့၊ အဲဒီနေရူးကိုလေ အင်္ဂလိပ်အစိုးရက ဖမ်းပြီးထောင်ထဲမှာထားတော့ နေရူးဟာ ဘုရားရဲ့ရုပ်ပွါးတော်ကို ကြည့် ကြည့်ပြီး အေးချမ်းတယ်၊ ပျော်ရွှင်နေတယ်၊ အရမ်းစိတ်ချမ်းသာနေတယ်တဲ့၊ အဲဒါသက်ရှိထင်ရှားမဟုတ်ဘူးနော် ရုပ်ပွါးတော်ကိုကြည့်ပြီး ကြည်ညိုတာ၊ သက်ရှိထင်ရှင်းဆိုရင် ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်မလဲ စဉ်းစားကြည့်ပါ။ အဲဒီလိုမျိုးတွေ ဘုရားရှင်မှာ Power တွေအများကြီးပဲရှိတယ်။ ဒီလောကကြီးမှာ ဘုရားရှင်ကို ဘယ်သူမှယှဉ်ပြိုင်လို့မရဘူး။ great great teacher ဆိုတာလေ ဘုရားကိုပြောတာပဲ။ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီ ယနေ့တိုင်အောင် လူတွေဟာ ဘုရားကိုပူဇော်တယ်၊ ရှိခိုးတယ်ဆိုတာဟာ အနှိုင်းမဲ့၊ အတုမရှိလို့ပေါ့၊ ဘုရားပြောခဲ့တဲ့စကားတွေကို လိုက်နာ ကျင့်သုံးနေကြသေးတယ်။ ကိုရင်တို့ တပည့်တော်တို့ထက် အများကြီးပညာတက်တယ် အများကြီးတော်တဲ့ သူတွေဒီနေ့ထက်တိုင် ဘုရားကို ပူဇော်နေတယ်၊ ရှိခိုးနေတယ်၊ အရိုအသေပေးနေတာတွေဟာ ကိုယ့်ထက်တော်လို့ပေါ့ ကိုယ့်ထက်သာလို့ ကိုယ့်ထက်မြင့်မြတ်လို့ပေါ့၊
 ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဘာသာတရားများနှင့် စိတ်ဓာတ် တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးတစ်ခုရှိတယ်၊ အဲဒီအဖွဲ့ကြီးကလေ ၂၀၀၉ နှစ်မှာ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင် (၂၀၀) ကျော်ကို ဖိတ်ခေါ်၍ အစည်းအဝေးတစ်ခုကျင်းပခဲ့တယ်၊ အစည်းအဝေးသို့ တက်ရောက်သူတွေဟာ ခရစ်ယန်၊ အစ္စလန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျူး စသည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်ခဲ့တယ်၊ အဲဒီအစည်းအဝေးမှ "ကမ္ဘာ့အကောင်းဆုံး ဘာသာဆု" ဟူ၍သတ်မှတ်ပြီး ရွေးချယ်ခဲ့တယ် ထိုဆုကို ဘယ်ဘာသာက ရတယ်ထင်လဲ ဗုဒ္ဓဘာသာက ရရှိခဲ့တယ်။ ဗုဒ္ဓဘာသာရရှိသွားတာကိုလေ တစ်ခြားဘာသာဝင်တွေဟာ လုံးဝ ကန့်ကွက်ခြင်းမရှိဘူး၊ တစ်ညီတစ်ညွတ်တည်းပင် သဘောတူလက်ခံကြတယ်။ ထိုအဖွဲ့ကြီးမှ သုတေသနညွှန်ကြားရေးမှူး Jonna Hult ကပြောတယ် "ဗုဒ္ဓဘာသာအား ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆုကို ပေးလိုက်ကြတာကို ကျွန်ုပ်အဖို့ အံ့သြခြင်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတရားသည် အခြားဘာသာတရားများနှင့်မတူ မိမိတို့ဘာသာအတွက်သော်၎င်း၊ မိမိတို့ကိုးကွယ်သော အရှင်သခင်အတွက်သော်၎င်း၊ လုံးဝစစ်တိုက်ခြင်းမရှိ၊ ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်သောထူးခြားသည့် ဘာသာတရားဖြစ်ပါသည်" ဆိုပြီးပြောသွားခဲ့တယ်၊ အဲဒီလိုပဲ အခြားအခြား ခေါင်းဆောင်တွေဟာလည်း ဗုဒ္ဓဘာသာဟာ ကောင်းမွန်ကြောင်းတွေကို ပြောသွားခဲ့ကြတယ်။
              နောက်စာရေးသူက သီလက္ခန် အမ္ဗဋ္ဌသုတ်မှ ပေါက္ခရသာတိပုဏ္ဏားက အမ္ဗဋ္ဌလုလင်ကို ဘုရားရှင်ဆီလွှတ်ပုံနှင့် အမ္ဗဋ္ဌလုလင်က ပေါက္ခရသာတိပုဏ္ဏားကို ပြန်ပြောပုံများ၊ ဘုရားရှင်ရဲ့ စက်လက္ခဏာများ၊ မဟာပုရိသ လက္ခဏာကြီး ငယ်များစသည်ဖြင့် ရှင်းပြသည်။ အကြီးကိုရင်ကတော့ စာရေးသူပြောပြလျှင်လည်း စိတ်ဝင်စားစွာ နားထောင်နေသည် ပြီးလျှင်သူ့ထင်မြင်ယူဆချက်တွေကိုလည်း စာရေးသူအားပြန်ပြောပြသည်။ အငယ်ကိုရင်လေးကတော့ သိပ်မယုံကြည်ချင်၊ အဲဒီတော့ စာရေးသူက ကိုရင်လေး ကိုရင်ကငယ်လည်းငယ်သေးတယ် ဘာသာရေးနဲ့ အရမ်းဝေးနေတော့ တစ်ချို့ဟာတွေကို တပည့်တော်ပြောလို့ ယုံချင်မှယုံမယ်၊ နောက် တစ်ချို့နေရာတွေမှာလေ ဘုရားဟောကြားချက်တွေဟာ သူများပြောပြတာထက် ကိုယ်တိုင်ကျင့်ကြည့်မှ ယုံကြည်နိုင်တာ သိနိုင်တာတွေရှိတယ် စသည်ဖြင့် စာရေးသူမှာ ကိုယ်နားလည်သမျှကို ရှင်းပြရသည်။
           ကိုရင်ကအခု ကိုရင်ဝတ်နဲ့ သုံးရက်တည်းပဲ နေမှာဆိုတော့ ရက်ကအရမ်းနည်းတယ် နောက် အားရင်လေ ကျောင်းကိုလာခဲ့ပေါ့ ဖိတ်ခေါက်လိုက်သည်။ အကြီးကိုရင်ကတော့ လာမယ်လို့ပြောသွားသည်။ အငယ်ကိုရင်ကတော့ ဘာမှမပြောသွားဘူး။ ကိုရင်နှစ်ပါးလူထွက်သွားတော့ စာရေးသူရဲ့စိတ်ထဲမှာ အော်…… သူတို့လိုမျိုး ဗုဒ္ဓဘာသာ မြန်မာလူမျိုး မိဘနှစ်ပါးမှ မွေးဖွါးပြီး နိုင်ငံခြားမှာနေထိုင်ရတဲ့ ကလေးတွေဟာ "ကံကောင်းတာလား ကံဆိုးတာလား" ဟု စဉ်းစားမိသည်။ သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သတ်လို့ကတော့ ဗလာနတ္ထိပါပဲ၊  မိဘနှစ်ပါးကလည်း စက်ရုပ်နဲ့မခြား မိမိတို့ရဲ့ဝမ်းရေးအတွက် အလုပ် လုပ်နေကြရသည်။ သား သမီးတွေကလည်း ကျောင်းတက်ဆိုတော့ မိသားစု စုံညီစွာနေရချိန် အရမ်းနည်းသည်။ ကိုယ့်သားသမီးကို ဘာသာရေး အသိဥာဏ် မမေးနိုင်ဆိုတော့ သူတို့လေးတွေဟာ ဘုရားကိုလည်း ဘုရားမှန်းမသိ၊ တရားကိုလည်း တရားမှန်းမသိ၊ သံဃာကိုလည်း သံဃာမှန်းမသိ၊ မိဘရဲ့ဂုဏ်ကျေးဇူးတွေကို ကျေးဇူးမှန်းမသိ၊ ဆရာကိုလည်း ဆရာမှန်းမသိ ဖြစ်ကုန်တာပေါ့၊ ကိုရင်လေးတွေ ပြောပြလို့ သိခဲ့ရသည် စင်ကာပူမှာ စာသင်ပေးတဲ့ ကျောင်းဆရာ/မတွေက ကိုယ့်တပည့်ကို အပြစ်တစ်ခုခုကြောင့် သတ်မယ်ဆိုရင် သက်ဆိုင်သူ မိဘနှစ်ပါးထံမှာ ခွင့်တောင်းပြီးမှ သတ်ရတယ်၊ မိဘကခွင့်မပြုရင် မသတ်ရဘူးတဲ့၊ အဲဒီတော့ ဒီကလေးတွေဟာ ဆရာသမားရဲ့ကျေးဇူး ဆရာရဲ့ဂုဏ်တွေကို ဘယ်မှာနားလည်တော့မှာလဲ၊ အဲဒီတော့ သူတို့လေးတွေဟာ ဘာသာခြားများက စည်းရုံလို့ရှိရင် ပါသွားမှာပေါ့၊ ကိုယ့်ဘာသာအကြောင်းမှ ဘာမှကိုမသိတာ၊ ဒီတော့ စာရေးသူတို့ ရဟန်းတော်များ ဘက်မှ ယဉ်ကျေးမှုကလေးလိမ္မာသင်တန်း၊ အခြေခံဗုဒ္ဓဘာသာသင်တန်းများဖွင့်ပြီး သာသနာပြုရန် များစွာလိုအပ်လျှက်ရှိပါသည်။               
                                               အရှင်ဣန္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

စုဆောင်းထားသော မြန်မာ ၀က်ဆိုဒ်များ ( အသုံးဝင်မှာပါ)


*1* *www.planet.com.mm* *(သတင်းလေးတွေစုံတယ်နော်)*
*2.**www.people.com.mm* *(မဂ္ဂဇင်း စာအုပ်လေးနော်)*
*3.**www.khitluneg.org.mm**(ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့သတင်းစုံတွေ)*
*4.**www.alpha.com.mm* * **(ZawGyi Font လေးတွေယူရအောင်)*
*5.**www.flashband.net* *(သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)*
*6*.*www.myanmarmp3.net* *(သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)*
*7**www.myanmar-music.com* * (သီချင်းလေးတွေပါပဲ)*
*8**www.freemyanmarvcd.com**(vcd လေးတွေကြည့်မယ်)*
*9**www.khayanpyareinmat.com**(vcd လေးတွေကြည့်မယ်)*
*10**www.shwedream.com* *(vcd လေးတွေကြည့်မယ်) **
*11.**www.burmeseclassic.com(ဓမ္မသီချင်းများ ။ ရုပ်ရှင်များ။ VCD များ)*
*12.**www.shweclassic.com (ဓမ္မသီချင်းများ)*
*13**www.royal-myanmar.com **(ဒါလည်းစုံတယ်နော်)*
*14.**www.yinkhonthanfm.com**
*15.**www.popularmyanmar.com *(ပေါ်ပြူလာဂျာနယ်လေးနော်)
*16** www.myanmarpyithar.com**
*17** www.first-11.com**
*18** www.weeklyeleven.com* (eleven ဂျာနယ်စုံ)
*19** www.snapshop.com* (လျှပ်တစ်ပြက်ဂျာနယ်)
*20** www.myanmar.com* (ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
*21** www.mrtv3.net.mm* (ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
*22** www.myanmarinternetjournal.com* (အင်တာနက်ဂျာနယ်ဖတ်ရအောင်)
*23** www.soccermyanmar.com* (ဘောလုံးသတင်း တွေအစုံပါတယ်)
*24** www.livescore.com* (ဘောလုံးပွဲစဉ်တွေကြည့်မယ်)
*25** www.asianbookie.com* (ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
*26* www.perfectmagazineonline.com* (အောင်မြင်မဂ္ဂဇင်းလေးနော်)
*27** www.studying-singapore.com* (ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
*28**www.csstb.gov.mm* (၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
*29** csstb.imis.com.mm* (နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
*30** www.unjobs.org* (NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
*31** www.thanzinhlaing.com*
*32**www.naykabyar.com*
*33** www.journalopportunity.com* ( အလုပ်တွေ ရှာ မယ်နော်)
*34**www.iburmese.com*
*35**www.mymyanmar.net*
*36**www.myanmar.mmtimes.com *(မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
*37**www.etrademyanmar.com*
*38**www.myanmarelibrary.com*(အင်္ဂလိပ်-မြန်မာအဘိဓာန်)
*39**www.mandalaygazette.com *
*40**www.shopping.com.mm*
*41**www.healthymyanmar.com*
*42**www.jivitahospital.org* (ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
*43**www.myanmarbible.net*
*44**www.myanmargoal.com*
*45**www.myanmarhotjob.com* (ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
*46**www.myanmarscholarship.com*
*47**www.myanmarmyanmar.com*
*48**www.bobo.6te.net* (ကလေးများ အတွက် ဘိုဘိုရဲ့လောကနက်ဂိမ်းနဲ့ ကာတွန်း)
*49**www.myanmarmedicine.com* (ဆေးပညာ အကြောင်းဖတ်ချင်ရင်)
*50**www.hird.hypermart.net*
*51**www.serenapowers.com*
*52**www.most.gov.mm* (နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
*53**www.ucsy.edu.mm* (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
*54**www.bagan.net.mm* (မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
*55**www.foreverspace.com.mm*
*56**www.redmyanmar.net*
*57**www.thanlwin.com* *
**58**www.myanmartraining.com* (နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
*59**www.mysuboo.com* (ဒါကတော့ စုဗူးလေးနော်)
*60**www.mmthingyan.com* (မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
*61**www.ainmat.com* (ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
*62**www.yinkhonthanfm.com* (FM သီချင်းလေးတွေနားထောင်ရအောင်နော်)
*63**www.myanmarelottery.com* (အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
*64**www.myanmarspace.com* (ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
*65**www.mysteryzillion.com* (နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
*66**www.myanmaritpros.com ** *(နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
*67**www.dhamadarna.net* ( ဓမ္မဒါန )
*68**www.myanmarengineer.org* ( မြန်မာ အင်ဂျင်နီယာများအသင်း )
*69**www.phatpa.com *(ဖတ်ပါ့ သတင်းဂျာနယ် )
*70**www.ourmandalay.net *(ကျွန်ုတို့ ရဲ့ မန္တလေး )
*71** www.myanmarchatonline.org *(online သတင်းလေးတွေ )
*72**  www.problemclean.ning.com*( နည်းပညာလေးတွေဆွေးနွေးရအောင် ) 

C box အကြောင်းသိကောင်းစရာ...

ကျွန်တော် ပြောကြည့်မယ်နော်။
ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။
ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။
Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်းကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။
Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပေါ့နော်။
Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကို ထားနိုင်ပါတယ်။
Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။
ဆီဗုံးထည့်ပြီးပေမယ့်လည်း မြန်မာစာက ပေါ်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်တာကို တွေ့မြင်ရပါပြီ။
နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ပုံစံလေးတွေပြတဲ့ box ပေါ်လာပါတယ်။
အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာ ပြောင်းယူနိုင်ပါတယ်။
Customize Smilies ကို ပြန်သွားပါ။

ခုထပ်ပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။
New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :) ) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။

My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။

Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။
ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။
Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။

ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။

ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။

Thursday, September 29, 2011

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ.

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်.

i file နဲ့ဒီကနေဒေါင်းလိုက်ပါနော်..

ကွန်ပျူတာ လက်တော့်ပ် ပြုပြင်ထိမ်းသိမ်းစာအုပ်လေးပါ...


ဒီကနေဒေါင်းလိုက်ပါနော်..

ifile mediafire..

ဗုဒ္ဓဘာသာသာသနာရဲ့အနှစ်ချူပ်


တစ်ခြားဘာသာဝင်တွေကဗုဒ္ဓဘာသာရဲ့အနှစ်ချုပ်ကဘာလဲလို့လာမေးခဲ့ရင် သူငယ်ချင်းတို့ဘယ်လိုဖြေကြမလဲ။

ဒါဟာစဉ်းစားစရာပါ၊ ရုတ်ရက်တော့ဘာဖြေရမှန်းမသိ အကြပ်ရိုက်သွားမှာ အသေအချာ ပါပဲ။ ဒီမေးခွန်းဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ဘာသာဝင်တွေသာမက၊ ဗုဒ္ဓဘာသာကို

စိတ်ဝင်စားကြတဲ့ လေ့လာချင်ကြတဲ့ အခြားသောဘာသာဝင်များအတွက်ပါ သိသင့်တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အဲဒီမေးခွန်းကိုတစ်ခါကဂျပန်နိင်ငံရောက်နေတဲ့ ဗုဒ္ဓဘာသာသာသနာပြုဆရာတော်တစ်ပါးဖြေပေးခဲ့ဘူးပါတယ်။

ဒီလိုပါ...ဂျပန်နိင်ငံကိုဗုဒ္ဓဘာသာပြန့်နှံ့ရောက်ရှိစအချိန် ဂျပန်နိုင်ငံမှာနဂိုရှိပြီးသား ကိုးကွယ်မှု ဂိုဏ်းဂဏတော်တော်များများကနောက်မှ

ရောက်လာတဲ့ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြပါတယ်။ သိလည်းသိချင်ကြပါတယ်။ အဲဒီအချိန်(...)ဂိုဏ်းက ဂျပန်ဘုန်းတော်ကြီး တစ်ချို့နဲ့ကိုရင်တွေဟာ ဗုဒ္ဓဘာသာသာသနာပြုဘုန်းတော်ကြီး ကျောင်း ကိုရောက်လာပြီး ''ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချူပ်''ဟာ ဘာလဲဆိုတာကိုသိချင်ပါသတဲ့။ အဲဒီတော့သာသနာပြုဘုန်းတော်ကြီးကအတိုဆုံးဖြေကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချုပ်ဟာ မကောင်းမှုမှန်သမျှကိုမပြုလုပ်ခြင်း၊ ကောင်းမှုမှန်သမျှကိုပြုလုပ်ခြင်း၊ မိမိ၏စိတ်ကိုဖြူစင်အောင်ထားခြင်း တို့ဖြစ်ပါတယ်တဲ့။ ဒီအခါမှာဂျပန်ဘုန်းတော်ကြီးတွေကဝိုင်းပြီးရယ်ကြပါတယ်။ ဒါလေးများကွာတဲ့...ငါတို့ကျောင်းက ဟိုကိုရင်လေး တောင် ဒီလောက်တော့ သိပါတယ်လို့ပြောပါတယ်။

အဲဒီတော့ မြန်မာဘုန်းတော်ကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟုတ်ပါတယ် ဒီအကြောင်းအရာကို သိတာဖြစ်နိင်ပါတယ် ဒါပေမယ့်.ငါ့ရှင်အသင်ဒီအသက်ဒီအရွယ်ရောက်တဲ့အထိမကောင်းမှုတွေမပြုပဲ  ရှောင်ကျဉ်နိင်ခဲ့ပြီလား၊ ကောင်းမှုတွေအမြဲပြုလုပ်နိုင်ပါရဲ့လား၊ မိမိစိတ်ကိုဖြူစင်အောင်ထားနိုင်ပါပြီလားလို့ မေးတဲ့အခါ ပြန်ပြောနိင်စရာစကားမရှိခဲ့ပါဘူး။ ဟုတ်ပါတယ် ဗုဒ္ဓဘာသာမှာသိနေရုံတစ်ခုတည်းနဲ့ပြီးပြည့်တာမဟုတ်၊သိထားတာတွေကိုလက်တွေ့ကျင့်ကြံအားထုတ်မှသာပြီးပြည့်စုံတဲ့ ဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ မြတ်စွာဘုရားပွင့်တော်တဲ့အကာလကိုကြည့်မယ်ဆိုရင်လည်း၊ဘုရားဖြစ်တော်မူသည်မှပရိနိဗ္ဗာန်စံသည်အထိ ဟောကြားသမျှတရားတွေအားလုံးဟာ ဒီ(၃)ချက်ကိုပဲဦးတည်ရည်ရွယ်ဟောကြားခဲ့တာဖြစ်ပါတယ်။ မကောင်းမှုမှန်သမျှကိုရှောင်ကျဉ်ခြင်းဆိုတဲနေရာမှာ စိတ်နြဲ့ပုတဲ့မကောင်းမှု၊ ကိုယ်နဲ့ပြုတဲ့မကောင်းမှု၊ နှုတ်နဲ့ပြု လုပ်တဲ့မကောင်းမှု ဆိုတဲ့မကောင်းမှုတွေအားလုံး မှရှောင်ကျဉ်နိုင်ဖို့

ဆိုလို့တာပါ၊  ကောင်းမှုတွေမှန်သမျှ ပြု လုပ် ခြင်း ဆိုတဲ့နေရာမှာလည်း စိတ်နြဲ့ပုတဲ့ကောင်းမှု၊ နှုတ်နြဲ့ပုတဲ့ကောင်းမှု၊ ကိုယ်နြဲ့ပုတဲ့ကောင်းမှုဆိုပြီး လုပ်နိုင် သမျှသောကောင်းမှုတွေကိုအမြဲမပြတ်လုပ်နိုင်ကြဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ မိမိစိတ်ကိုဖြူစင်အောင်ထားခြင်းဆိုတဲ့နေရာမှာစိတ်ဆိုတာမကောင်းမှုမှာပျော်မွေ့တတ်တဲ့သဘောရှိလေတော့ အဲဒီစိတ်ကလေးကိုအသိ၊သတိနဲ့ထိန်း ပြီး ဘဝကိုပဲ့ကိုင်သွားလေဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။. အပြောလွယ်သလောက်အလုပ်ရခက်ခဲပါတယ်။ လူလောကထဲမှာပုံစံအမျိုးအမျိုးနဲ့ရပ်တည်နေရတဲ့လူသားဘဝ မှာ အဲဒီလိုမကောင်းမှုတွေက ရှောင်ကျဉ်နိုင်ဖို့ဆိုတာ မဖြစ်နိင်ဘူးလို့ လွယ်လွယ်ပြောကြတယ်။ တကယ်တော့ မဖြစ်နိုင်ဘူးဆိုတာမရှိပါ။ ဖြစ်နိုင်ပါတယ်။ လွယ်တော့မလွယ်ကူဘူးပေါ့ဗျာ။ ဦးနှောက်ကိုသုံးပြီး မကောင်းတဲ့ အလုပ်တွေမလုပ်ဖြစ်အောင် ကောင်းတဲ့ အလုပ်တွေ လုပ်ဖြစ်နေအောင်မိမိစိတ်ကလေးကိုဖြူစင်သန့်ရှင်းနေ အောင်လုပ်ဖို့ဆိုတာတကယ်တမ်းလုပ်ဖို့ဖြစ်နိုင်ပါတယ်။

လုပ်နိုင်ဖို့အတွက်ဒါတွေဟာမကောင်းမှု၊ ဒါတွေဟာ ကောင်းမှု ခွဲခြားသိနိုင်မယ့် ဘာသာရေးဗဟုသုတ လိုအပ်တယ်။ သိတဲ့အတိုင်းရှောင်ကျဉ်ဖို့၊လိုက်နာကျင့်သုံးနိင်ဖို့ ဘာသာအပေါ်ယုံကြည်တဲ့သဒ္ဓါတရားလိုအပ်တယ်။ နောက်ဆုံးပိတ်ပြောချင်တာလေးက ဗုဒ္ဓဘာသာဟာ ယုံကြည်နေရုံသက်သက်မပြီး၊ လိုက်နာကျင့်သုံးမှသာပြီးပြည့်စုံတဲ့ကိုယ့်အားကိုယ်ကိုးဘာသာတစ်ခု ဖြစ်တယ် ဆိုတာပါပဲ။ မိုးရွာတဲအခါမိုးရေမစိုအောင် ထီးဆောင်း ရပါမယ်။ ဒီလိုသိထားပြီး တကယ်တမ်းမိုးရွာတဲ့အခါ ထီးပါဖို့လိုပါတယ်၊ မိုးမစိုအောင်ပါလာတဲ့ထီးကို ဖွင့်ဆောင်းဖို့လည်းလိုပါတယ်၊ ထီးပါနေရုံနဲ့ မရပါဘူး။ အရာရာအားလုံးဟာ သင့်အပေါ်မှာပဲမူတည်ပါတယ်။

သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန

ကိလေသာများနဲ့ အချိန် ကုန်ချိန်နည်းပြီး၊ တရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများကို ဖြတ်ချနိုင်သောအချိန် အများစု ဖြစ်နိုင်ကြပါစေလို့။

 

တရားအသိကိုပေးလှူပါ၏

ဘာသာတရား သိထားစရာ အဖြာဖြာ

အခုတစ်လော ဆိုဒ်တွေထဲမှာ ဘာသာရေးနဲ့ဆိုင်တယ့်ကွန်မန့်ပေးမှုလေးတွေကို တွေ့တွေ့နေတာလေးတွေနဲ့ ပတ်သက်လို့ မန်ဘာသူငယ်ချင်းအပေါင်း အယူအဆမလွဲမှား စေဖို့ ဒီဘလေးကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်..
ပထမဦးစွာပြောပြချင်တာကတော့ ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ အခုဖြစ်နေကြတာက တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်သလိုဖြစ်နေတယ်။ ဘာသာရေးတရားကိုမူရင်း တည်ထောင်သူတွေရဲ့ရည်ရွယ်ချက်နဲ့ လမ်းလွဲကုန်ကြတယ်။ အဲဒါကြောင့်မငြိမ်းချမ်းဖြစ်နေ ရတာပါ။ သူဘာသာ ကိုယ့်ဘာသာမို့လို့ တိုက်ခိုက်နေကြရင် လောကကြီးလည်း ငြိမ်းချမ်းမှာ မဟုတ်တော့ပါဘူး။

ကမ္ဘာပေါ်မှာ ဘာသာတရား(religion) လေးမျိုးရှိပါတယ်။ အစဉ်လိုက်ပြော ရမယ်ဆိုရင် ၁-ဟိန္နူဘာသာ ၂-ဗုဒ္ဓဘာသာ ၃-ခရစ်ယာန်ဘာသာ ၄-အစ္စလမ်ဘာသာ တို့ပဲ ဖြစ်ပါတယ်။


၁- ဟိန္နူဘာသာကိုကြည့်မယ်ဆိုရင် ရုပ်နာမ်တရား နှစ်ခုရှိတယ့်အနက် လူတစ်ယောက် သေသွားရင် ရုပ်ကသေတယ်၊ နာမ်ကမသေဘူး။ အဲဒီနာမ်ကခရီးဆက်မယ်။ ၇ ရက်ကြာတော့ လူတစ်ဦးကို ၀င်စားရင် လူပြန်ဖြစ်တယ်။ နောက်ဆုံးလွတ်မြောက်မှုကတော့ မဟာဗြဟ္မာကြီးနဲ့ သွားပေါင်းမယ်။
၂- ဗုဒ္ဓဘာသာကိုကြည့်မယ်ဆိုရင် ရုပ်နာမ်ဟာ လူသေတာနဲ့ နှစ်ခုစလုံးသေတယ်။ ဘယ်သူ ကမှပြန်ပြီး ဖန်ဆင်းမပေးဘူး။ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ရုပ်နာမ်ကို ဖြူစင်အောင်လုပ်နိုင်ရင် သံသရာက ကျွတ်လွတ်မယ်။ သံသရာကကျွတ်လွတ်တာနဲ့ နိဗ္ဗာန်ကိုရောက်မယ်။
၃- ခရစ်ယာန်ဘာသာကိုကြည်မယ်ဆိုရင် ရုပ်နာမ်မှာ ရုပ်သေမယ်။ နာမ်က သင်္ချိုင်းကုန်းက စောင့်ပြီး သူတို့ရဲ့ ဘုရားသခင် God ရဲ့ ဆုံးဖြတ်မှုနဲ့ ဆက်ပြီးကျင်လည်မယ်။ နောက်တော့ သူတို့ရဲ့ထာဝရဘုရားသခင်နဲ့ပြန်ပေါင်းမယ်။
၎- အစ္စလန်ဘာသာကိုကြည့်မယ်ဆိုရင် သူလည်းအတူတူဘဲ။ နောက်ဆုံး သူတို့ရဲ့ ဘုရားသခင် အလ္လာအရှင်မြတ်နဲ့ ပြန်ပေါင်းမယ်။


အဲဒီမှာ ဗုဒ္ဓဘာသာက ကွဲထွက်နေတယ်။ လူသေရင်ရုပ်နာမ်ချုပ်ငြိမ်းမယ်ပြီးတော့ နိဗ္ဗာန်ကို ရောက်မယ်။ နိဗ္ဗာန်ရောက်ဖို့တော့ ရုပ်နာမ်ကဖြူစင်နေရမယ်။ ဖြူစင်ချင်ရင် ဗုဒ္ဓဘာသာ အရ သီလ၊ သမာဓိ၊ ပညာနဲ့ ဆေးကြောရမယ်။ ဒေါသ စိတ်တွေ မထားရဘူး။
ဘာသာတရားကိုးကွယ်တယ့် နေရာမှာ Freedom လွတ်လပ်မှု ရှိရမယ်။ ကိုယ်ကြိုက် သလို ယုံကြည်လို့ရတယ်။ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ သဘာဝကျလား မကျလား ဆိုတာကို စဉ်းစားဖို့ကျတော့ အသိဥာဏ်နဲ့ဘဲ စဉ်းစားပြီးတော့ ယုံကြည်ရမှာလေ။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်နေရင် သေနပ်နဲ့ ထောက်ပြီး ပြောင်းခိုင်းလည်း မပြောင်းဘူး။ ဘာလို့လည်း ဆိုရင် နှလုံးသားထဲမှာ ဗုဒ္ဓရဲ့ တရားဓမ္မတွေ ကိန်းအောင်းနေလို့ဘဲလေ။ အဲဒီလို ဗုဒ္ဓရဲ့ တရားဓမ္မတွေကို မျိုးဆက်သစ်ဖြစ်ကြတယ့် ကျွန်တော်အပါအ၀င် ဗုဒ္ဓဘာသာဝင်တိုင်းက ဆက်လက်ထိန်းသိမ်းဖို့ လိုတယ်။ အဲဒါမှ ဗုဒ္ဓဘာသာဟာ ဆက်လက်တည့်တံမှာဖြစ်တယ်။


ဒုတိယပိုင်းအနေနဲ့ ပြောရရင် ဘုရားရှင်လက်ထက်က ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ အတိုချုပ်ပြောရရင် ရဇ္ဇုမာလာ ဆိုတဲ့ ကျွန်မ လေးအကြောင်းပါ။ အဲဒီ ကျွန်မလေးဟာ သူနေထိုင်တဲ့ အိမ်ရှင်ရဲ့ သားနဲ့ရတယ့် ကောင်မလေးရဲ့ မြင်မြင်ချင်း မုန်းတီးမှုကို ခံရရှာတယ်။ ကောင်မလေးဟာ အဲဒီကျွန်မလေးကို အိမ်ရှင်တွေမရှိတဲ့အခိုက်မှာ အမျိုးမျိုးနှိပ်စက်တယ်။ နောက်ကြာလာတော့ ကျွန်မလေးဟာ နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ သူကိုယ်သူ ဂတုံးတုံးပြီးထွက်ပြေးတယ်။ အဲဒါကိုသိတော့လိုက်ဖမ်း…မိတယ်.. လည်ပင်းကို ကြိုးနဲ့ချည်ပြီး နှိပ်စက်ကြပြန်တယ်။ တနေ့တော့ ကျွန်မလေးဟာ လူမရှိတယ့်တောထဲကို ကြိုးဆွဲချသေမယ်ဆိုပြီး ရေအိုးကလေးနဲ့ ကြိုးတစ်ချောင်းကို ရေခပ်ချင်ရောင်ဆောင်ပြီး တောထဲကိုထွက် အပင်ပေါ်တတ်လို့ သေကြောင်းကြံမယ်အလုပ်ပေါ့… ဘုရားရှင်က ဇေတ၀န် ကျောင်းကနေ ဥာဏ်နဲ့ကြည့်လိုက်တဲ့အချိန်နဲ့ သွားတွေ့တယ်။ ကျွန်မလေးမှာက သောတာပန် ဖြစ်နိုင်တဲ့ ပါရမီ၊ သရဏဂုံနဲ့ ငါးပါးသီလ တည်ဆောက်နိုင်တဲ့ ပါရမီရှိတယ် ဆိုတာကို ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်နဲ့ သိမြင်တော်မူတဲ့အတွက် ကြိုးဆွဲချမယ့်အချိန်မှာ ကိုယ်ထင်ပြပြီး နောက်ဆုံး တရားတွေဟောတော်မူလိုက်တယ်။ ကျွန်မလေးလည်း သောတာပန် ဖြစ်ပြီး အိမ်ကိုပြန်တယ်။ လုပ်ချင်သလိုလုပ်ကြတော့ဆိုတဲ့စိတ်ထားပြီးတော့ပေါ့။ အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်မလေးမျက်နှာဟာ ကြည်လင်သန့်နေတာကို အိမ်ရှင်တွေက မြင်တော့ မေးတယ်။ ကျွန်မလေးကလည်း အကြောင်းစုံပြောပြလိုက်တော့ အားလုံး ဘုရားရှင် ဆီကိုသွားပြီး တရားနာ၊ သရဏဂုံတည်၊ ငါးပါးသီလခံယူတယ်။ နောက်အိမ်မှာ ဆွမ်းကပ်တဲ့အချိန် သူတို့ရဲ့ ဘ၀ဇာတ်ကြောင်းကိုမေးတော့ ဘုရားရှင်ကပြန်ပြောပြတယ်။ အရင်ဘ၀ကတဲ့ သခင်ဖြစ်သူကျွန်ဖြစ်ခဲ့တယ်။ ကျွန်ဖြစ်သူက သခင်ဖြစ်ခဲ့တယ်တဲ့။


အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကိုယ့်ကိုကိုယ်ဘဲကောင်းအောင်နေပါ။ သူများကို စိတ်တိုတယ့်စိတ်နဲ့ ပြောမိရင် ကိုယ်ဘဲ အတ္တဖြစ်မယ်။ အတ္တဖြစ်ရင် ငရဲကိုနီးသွားမယ်လေ။ အဲလိုဘဲလေ ကွန်မန့်လေးတွေပေးတယ့်အခါမှာလည်း ဘာသာရေးနဲ့ ဆိုင်တဲ့ကွန်မန့်မျိုးဆိုရင် ဒေါသမပါဘဲ ပေးရင် ကိုယ့်အတွက် ပိုပြီးတော့ကောင်းမယ်လိုထင်မိပါတယ်။ ဘ၀ဆိုတာ ထာဝရမတည်မြဲပါဘူး။ တခဏပါ။ အဲဒီလို တခဏတွေ့နေရတယ့် ဘ၀လေးမှာ လူသားချင်း အမုန်းမပွားဘဲ နေကြရင် ပိုပြီးတော့မကောင်းဘူးလားဗျာ.. တချို့ ကိစ္စတွေက သူတိုမှာ ၀ဋ်ကျွေးရှိလို့ ဖြစ်ပျက်နေတာလေ၊ အရင်ဘ၀ရဲ့ ကံ အကျိုးဆက်ကြောင့်ပါ။ အဲဒါကို ကိုယ်ကသွားပြီး နှိပ်စက်သူ၊ တစ်ဘက်သားကို ဒေါသဖြစ်ရင် ကိုယ်ဘဲ ခံရမှာနော်.. သူလည်း သူ့ကံ အလျှောက် သူဘာသူခံရလိမ်မယ်။ အဲဒီတော့ဗျာ ထာဝရမတည်မြဲ ယာယီမျှသာ ဖြစ်သော ဘ၀တွင် ဓနဂုဏ်၊ အလှဂုဏ်၊ ပညာ့ဂုဏ်၊ အာဏာဂုဏ် တို့နဲ့ မောက်မာထောင်လွှား ရန်ပွားခြင်းမပြုကြဘဲ အမေရိကန်မိုက်ကရိုဆော့သူဌေးကြီး ဘီလ်ဂိတ်၊ မာသာထရီဇာ၊ ဒေါ်ဦးဇွန်း၊ ကင်ဆာဖောင်ဒေးရှင်းတည်ထောင်သူ ဦးလှထွန်း စသောပုဂ္ဂိုလ်တို့ကဲ့သို့ ပရဟိတ လုပ်ငန်းများလုပ်ဆောင်ခြင်း၊ ယခုဆိုဒ်အများစုမှာ သူ့အဖွဲ့လေးနဲ့သူဖွဲ့စည်းထားတဲ့ ပရဟိတ အဖွဲ့လေးတွေနဲ့ ပူးပေါင်းလို့ ကိုယ့်ဘ၀ကိုယ် အပယ်မလားဖို့ အရေး အလှဆင်ပေးပြီး ကုသိုလ်ကောင်းမှုလေးတွေ လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါကြောင်း…………

မှတ်ချက်။ ။ ဓမ္မရေအရှင်ကုမာရ ၏ ဘ၀ဆိုတာယာယီပါ ဆိုတဲ့ တရားတော်များမှ
မှီငြမ်းရေးသား တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Access Denied ကို ကျော်ဖို့နည်းလမ်း

Access Denied ကို ကျော်ဖို့နည်းလမ်း

Original writer : ကိုကောင်းမြတ်
အခုချိန်မှာ blogspot site တွေအပါအ၀င်..... တစ်ချို့သော site တော်တော်များများကို Access Denied ဖြစ်နေတာများတယ်ဗျ ။  ဒါတွေကို proxy သုံးပြီးကျော်လို့ရပေမယ့်.... တစ်ခါတစ်ခါ download လုပ်ဖို့ကျတော့ အဆင်မပြေဘူး mediafire လိုမျိုးဆိုရင်ပေါ့ ။ ဒါလေးကို အဆင်ပြေမယ့် နည်းလေးက သင့် browser ရဲ့ internet setting မှာထည့်တဲ့ proxy ကို အရင် ygncache.mpt.net.mm ဆိုတဲ့နေရာမှာ...ygncache3.mpt.net.mm
လို့ပြောင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်...ကောင်းကျိုးအတွက် သုံးချင်သူများအတွက်ပါ ဘာရည်ရွယ် ချက်မှမ ပါဘူးနော်....ဟဲဟဲ....
{ ခြွင်းချက်......တစ်ခါတစ်လေမှာ Access Denied ပဲ့ဆက်ပြနေတတ်တယ်... refresh လုပ်ဖို့ F5 ကို ဆက်တိုက်နှိပ်ပေးလိုက်ပါ....မရမချင်းပေါ့ }

source:http://sites.google.com/site/alinnyaungdownload/Home/accessdenied   

နေဇော်ထွေး(ခေတ္တ-ချင်းမိုင်)

Friday, September 9, 2011

Friday, September 2, 2011

computer နှင့်ဆိုင်သော

ကွန်ပျူတာနှင့်ဆိုင်သော ....

mouse မရှီရင် မရှိသလိုသုံးမယ်..

ဘလော့ပတ်ဝေါ့မေ့ခဲလျှင်

ဝင်းဒိုးနှင့်ဆိုင်ရာ..နည်းပညာ

ဝင်ဒိုး 7 မှာ အင်စတော်လုပ်မရရင်

ကလစ်နှစ်ချက်နှိပ်ရုံနဲ့ xp ကို သော့ခတ်မယ်

Windows Password နှင့် အခြား User Password မေ့သွားခဲ့လျှင်

ဒီဇိုင်းဆိုင်ရာ

Links များကို mouse နဲ့ ထောက်လိုက်ရင် လင်းလင်းလက်လက် အရောင်လေးတွေ ရရှိပါလိမ့်မယ်..

ချစ်သူကိုယ်လုံးပေါ် ဓါတ်ပုံလေးထုတ်ဆော့်မယ်ဗျာ စိတ်ဝင်စားရင်ဝင်လိုက်နော် ..ဟိဟိ

ကလစ်နှစ်ချက်နှိပ်ရုံနဲ့ xp ကို သော့ခတ်မယ် 

အသံဖမ်းနည်းလေးပါ.....

အမ်ပီ 3 မှာစာသားလေးတွေရေါ်းဖို့ဒီဇိုင်း လေးနည်းနည်းလောက် ဒီမှာ ရှိတယ်

ကွန်ပျူတာ ထိမ်းသိမ်းရေး

ကွန်ပျူတာသန့်ရှင်းရေး ...

ကွန်ပျူတာဘယ်သူသုံးသေးလည်း

ကွန်ပျူတာ application

Applications တွေပါ

ပရိုမိုးရှင်းဆော့်ဝဲလေးနော် မြန်မြန်ဒေါင်းထားပါနော်...

ဖိုင်ပြောင်းတဲ့ဆောစ့်ဝဲလ်လေးပါ

အထွေထွေ ကွန်ပျူတာ ပေါင်းချုပ်...



မူလစာမျက်နှာသို့ ....